အခန်း (၁၁)

283 4 0
                                    

အခန်း (၁၁)

ကျောင်းခန်းအတွင်း၌ မဟော် Physics ပုစ္ဆာတွေ ရှင်းလင်းပြောပြနေမိချိန်

"နားမလည်တဲ့ ပုစ္ဆာတွေရှိရင် ဆရာ့ကို မေးနိုင်သလို  Study Time ကြရင် guide နဲ့ အတန်းပိုင်ဆရာမတွေကို မေးနိုင်တယ်"

"ဟုတ်ကဲ့ပါ ဆရာ"
"Report card တွေ လက်မှတ်ထိုးပြီးတာနဲ့ အတန်းပိုင်တွေဆီ ပြန်အပ်ပါ၊ဆရာတို့ ဗုဒ္ဓဟူးနေ့ကြရင် Bနဲ့C ခန်းကအမှတ်များတဲ့သူတွေကို A ခန်းကို ရွှေ့မယ်၊စာတွေသင်ထားတာလဲ တစ်ဝက်ကျိုးလုပြီ၊နောက်တစ်ခါဖြေမဲ့ စာမေးပွဲဟာ ၃ နာရီမေးခွန်းဖြေရမယ်၊အဲ့ဒီစာမေးပွဲဟာ အစစ်ကြီးဖြေသလို ကြိုးစားပြီး ဖြေကြ၊ဆရာပြောတာ နားလည်လား"

"ဟုတ်ကဲ့ ဆရာ"
"ကဲ ဒါဆို နှုတ်ဆက်ကြ ၊ဆရာစောစောထွက်လိုက်မယ်၊ဆရာမ Study time အခုထဲက စလိုက်တော့နော်"
"ဟုတ်ကဲ့ဆရာကြီး"
"မင်္ဂလာပါ ဆရာ၊ကျေးဇူးတင်ပါတယ်ဆရာ"

မဟော် ‌မနက် ၁၀ နာရီအတန်းမဝင်ဖြစ်လို့ နေ့လယ် ၁ နာရီအတန်းကို ဓာတုဗေဒဆရာမကြီးနဲ့ လဲလည်ကာ ဝင်ခဲ့လေသည်။

"ဆရာကြီးရှင့်"
"ဗျာ"
မဟော်အတန်းထဲမှ ထွက်မဲ့အချိန် ကျောင်းသူလေးတစ်ယောက်၏ အခေါ်ကြောင့် ပြန်ထူးရင်း ရပ်မြဲအတိုင်းရပ်နေမိသည်။

"စိမ်းရော်ရွက်ပန် Repord card မှာလက်မှတ်မထိုးရသေးလို့"
"ဟုတ်လား စိမ်းလေး Report cardယူပြီး
ဆရာ့ အနားလာခဲ့"

မဟော်ခုံတွင်ထိုင်ကာ ခေါ်မိလိုက်လေသည်။မဟော် နှုတ်ခမ်းလေးဆူကာ သူ့အနားရောက်လာတဲ့ စိမ်းလေးအား ကြည့်ပြီးပြုံးရပြန်ပြီ။ Report card ကမ်းပေးလာတဲ့ စိမ်းလေးသည် လက်ကလေးပိုက်လို့ သူလက်မှတ်ထိုးပေးသည်ကို စောင့်စားလို့နေလေသည်။
စိမ်းလေးလက်ထဲ Report card ထည့်ပေးပြီးသည်နှင့် မဟော်ရုံးခန်းဆီ ပြန်လာခဲ့လေ၏။ရုံးခန်းအရောက်တွင် သူရှိန်ဆီမှ ဖုန်းခေါ်ဆိုလေ၏။

"တူတူ တူ 🎼ဒီတစ်ယောက်ထဲ ချစ်နေမယ်🎵
ရင်မှာ 🎵🎵မျှော်လင့်ခြင်း အိပ်မက်များ🎼
🎶မင်း ယူဆောင်ပေးစွမ်းနိုင်သူပါ🎵
🎼အရာရာ အားလုံးပြည့်စုံတယ်🎶
🎵ဒီတစ်ယောက်ထဲ ချစ်နေမယ်🎼
🎶ရင်မှာရှင်သန်ဆဲ မင်းအချစ်များ🎵
🎼ဟိုး အမွန်မြတ်ဆုံး မင်းအချစ်များ🎶
🎵ပိုင်ဆိုင်ထား ကျေးဇူးပါ🎼"

ရင်နှင့်မဆန့်အောင် ချစ်ရသူWhere stories live. Discover now