အခန်း (၂၅)

295 4 0
                                    

အခန်း (၂၅)

နေ့တွေ၊ရက်တွေ ၊လတွေ တစ်ဖြေးဖြေးကုန်လွန်လာခဲ့တာ အခုဆို စိမ်းလေးတို့၏ final exam ဖြေဆိုဖို့ ၃ ရက်မျှသာ လိုတော့သည်။ စာမေးပွဲနီးလာလေ ဆရာနှင့်ကျောင်းသူ၊ကျောင်းသားများ ပို၍အနီးကပ် ထိစပ်ကာ စာလုပ်သင့်လေသည်။

"ဆရာကြီး ဖြေဆိုရမဲ့ ကျောင်းအလိုက် နာမည်စာရင်းတွေ ကပ်ပေးထားပါပြီ"
"အေး ခန့်နောင်၊မနက်ဖြန်တော့ ကျောင်းကို မလာဖြစ်တော့ဘူး"
"ဟုတ်ကဲ့ ဆရာကြီး"
"ဪ ဒါနဲ့ မေစိုးကို အခုလ လစာကို ထုတ်ပေးလိုက်ပို့ စီစဉ်ခိုင်းပါအုံး ခန့်နောင်"
"ဟုတ်ကဲ့ ဆရာကြီး"

မဟော်လည်း ခန့်နောင်ထွက်သွားသည်နှင့် ရုံးခန်းအတွင်း တစ်နှစ်စာပညာသင်နှစ် သိမ်းဆည်းရမဲ့ စာအုပ်စာတန်း၊စာရွက်ပါမကျန် သိမ်းဆည်းလို့ သော့ပိတ်လိုက်လေ၏။
ကျောင်းဆင်းခေါင်းလောင်းထိုးခဲ့သည်နှင့် မဟော်စိမ်းလေးအလာကိုစောင့်နေမိသည်။

"ဆရာ"
သူ့ဘေးနား လာရပ်ကာ အသံပြုမှုကြောင့် မဟော်လှည့်ကြည့်မိ၏။
"စိမ်းလေး လာပြီလား"
"ဟုတ်"
"ခန့်နောင် ပြန်ရင် မီးမိန်းချခဲ့အုံး"
"ဟုတ်ကဲ့ ဆရာကြီး"

စိမ်းလေးအား ကားပေါ်တက်စေပြီး မဟော်ကားမောင်းထွက်လာခဲ့လေသည်။စိမ်းတစ်ယောက် ဘေးကို ငေးမောနေရင်း
"ဦး အိမ်ပြန်တဲ့လမ်းလဲ မဟုတ်ဘူး"
"အင်း ဆေးခန်းဝင်ရအောင်"
"ဟင် ဦးနေ‌မကောင်းဘူးလား"

စိုးရိမ်ပူပန်သော မျက်ဝန်းလေးဖြင့် ကြည့်ကာ သူ့နဖူးအား လာစမ်းလေရဲ့။ မဟော် သူ့နဖူးထက်က လက်လေးအား ဆွဲယူဆုပ်ကိုင်၍
"ဦး နေကောင်းပါတယ်၊စိမ်းလေးအတွက် အခုအတောအတွင်း ဦးကလေးလေး ပိန်သွားသလားလို့"
"အဟီးးး ချစ်တာ ဦးကို"

မဟော် မိန်ကလေးဆရာဝန်ထိုင်ရာ ဆေးခန်းဆီသို့ လာခဲ့ခြင်းပင်။ဆေးခန်းဆီသို့ရောက်သည်နှင့် နာမည် ၊အသက် ပြောပြီး အလှည့်ကျဖို့ကို စောင့်နေမိ၏။
"စိမ်းရော်ရွက်ပန် ဝင်လို့ရပါပြီ"
"ဟုတ်ကဲ့"
စိမ်းလေးနှင့်အတူ ဆေးခန်းထဲ ဝင်ခဲ့ရာ ဆရာဝန်စမ်းသပ်‌ပေးပြီးသည်နှင့်
"အားနည်းနေတာ၊သမီး လစဉ်ကော မှန်ရဲ့လား"
"ဟုတ် မှန်ပါတယ်"
"အဲ့ဒါဆို သောက်ဆေးပေးလိုက်ပါ့မယ်၊ဂရုစိုက်တိုက်ပေးပါ"
"ဟုတ်ကဲ့ခင်ဗျ"

ရင်နှင့်မဆန့်အောင် ချစ်ရသူWhere stories live. Discover now