အခန်း (၂)

358 11 0
                                    

အခန်း (၂)

ပြတင်းတံခါး မှန်ကို ထိုးဖောက်၍ ဝင်လာသော နေရောင်ခြည်နုထွေးမှု‌လေးက အခန်းထဲ တိုးဝင်၍လာလေ၏။ အခန်းတွင်း မီးအားလုံးကို မှိတ်၍ အိပ်တက်သူ စိမ်းရော်ရွက်ပန်သည် မိုးလင်းသည်နှင့် အခန်းထဲ အလင်းရောင်ဝင်စေရန် ပြတင်းပေါက်လိုက်ကာအား ဘယ်သောအခါမှ မချတတ်။

မျက်နှာထက် အလင်းရောင် ကျလာသည်နှင့် ကုတင်ထက် လွန့်လူးကာ နိုးလာသူဟာ စိမ်းရော်ရွက်ပန်ပင်။ လက်နှစ်ဘက်အား ဆန့်တန်း၍ အပျင်းကြောဆန့်ရင်း "ဟင်း " ခနဲတစ်ချက်ညည်းကာ ထထိုင်မိလိုက်၏။ တစ်ဆက်တည်း စောင်တွေ အစီအရီခေါက်၍ ညက တစ်ညလုံးပိတ်ထားသော အဲကွန်းအား အအေးဓာတ်လေး မစိုသလောက်ရအောင် ပြန်ဖွင့်ထားပြီး လူကတော့ ရေချိုးခန်းထဲ ဝင်ခဲ့လေသည်။

ဆံပင်အတို ၊ညဝတ်အင်္ကျီလက်တို၊ပေါင်လယ်သာသာ ဘောင်းဘီတိုဖြင့် မှန်ထဲမှာ ပေါ်နေတဲ့ ကိုယ့်ပုံကိုယ်ကြည့်ကာ စိမ်း သွားတိုက်မျက်နှာသစ်လိုက်၏။ ပြီးလေမှ အဝတ်တွေ အကုန်ချွတ်လို့ အဝတ်ခြင်းထဲပစ်ထည့်ကာ ရေပန်းအောက် နေပြီး ‌ခေါင်းကစ ခြေအဆုံး တစ်ကိုယ်လုံး ရေလောင်းကာ ချိုးဖြစ်လိုက်လေ၏။

မွေးပွတစ်ဘတ်အား ပတ်ပြီး ရေချိုးခန်းထဲကထွက်လာတဲ့ စိမ်းဟာ ခေါင်းကရေတွေ ပြောင်စင်အောင် သုတ်၍ တစ်ဘတ်ပတ်ရက် မှန်တင်ခုံတွင် ထိုင်ကာ skin care လိမ်းပြီးသည်နှင့် အဝတ်ဗီဒိုအား ဖွင့်ကာ ဂျင်းဘောင်းဘီ ပေါင်တိုနှင့် မိန်းမဝတ် ခါးစည်းကြိုးပါ တင်ဖုံး အင်္ကျီအောက်ကားလေးအား ဝတ်ကာ မနက်စာစားဖို့ရန် အောက်ထပ်သို့ ဆင်းလာခဲ့လေ၏။

ထမင်းစားခန်းတွင်ဝယ်
"ကိုကို ညက ပြန်မလာဘူးမို့လား"
"အင်း အလုပ်တွေ မပြီးလို့ နီးရာကွန်ဒိုမှာ အိပ်လိုက်တယ်"
"အဟားးး"

စိမ်းလဲ့မြိုင်တစ်ယောက် ယောက်ျား၏ အပြောကိုသဘောကျကာ ရယ်မိလိုက်‌လေသည်။ အိမ်အကူ ဒေါ်ပုရှိနေတော့ ပိုပြီး ခံပြင်းရ၏။ ငြိမ်းချမ်းအောင် မိန်းမ၏ လှောင်ရယ်သံကြောင့်

"ဘာရယ်တာလဲ စိမ်းလဲ့"

"ကိုကိုပြောတာ ရယ်ရလို့လေ၊အလုပ်မပြီးလို့ နီးရာကွန်ဒိုမှာ အိပ်တာလား၊ဒါမှမဟုတ် မယားငယ်မနဲ့ ဟိုတယ်မှာ သွားအိပ်တာလား ကိုကို"

ရင်နှင့်မဆန့်အောင် ချစ်ရသူWhere stories live. Discover now