"ခွန်းရေ ထတော့ ရောက်ပြီဟ"
"အင်းပါ ကိုကိုရာ ထပါပြီလို့"
"အမလေး လွမ်းလိုက်တာ မော်လမြိုင်မြို့ကြီးရာ""ကြီးကြီးကျယ်ကျယ်အေ နောက်မှလွမ်း
ခုတော့ကိုယ့်အထုတ်ကိုယ်သယ်ခဲ့ကြ""ဟုတ်ကဲ့ပါ မေမေရဲ့"
ခွန်းအကြောင်းတစေ့တစောင်း ပြောပြမယ်နော်
ခွန်းတို့မိသားစုဝင် ၅ယောက်ရှိတယ်
ဖေဖေရယ်မေမေရယ် မမရယ် ကိုကိုရယ် ခွန်းရယ်ပေါ့ ကိုကိုကအသက်၂၆နှစ်ရှိပြီ
မမကတော့၂၄နှစ် ခွန်းက၂၂ ခွန်းတို့မောင်နှမတွေက နှစ်နှစ်စီသာခြားကြတယ်
မော်လမြိုင်မြို့လေးက ခွန်းတို့ရဲ့မွေးရပ်မြေလေးပေါ့ မရောက်ဖြစ်တာလဲအတော်ကြာပြီ
မွေးရပ်ဇာတိဖြစ်လို့ ရပ်ကွက်ထဲမှာခွန်းတို့အသိတွေကြီးဘဲ အဖွားတို့ထားခဲ့တဲ့အိမ်လေးကအရင်တိုင်းဘဲဆိုပေမဲ့ လူမနေတာကြာတော့ အနဲငယ်တော့ခြောက်သွေ့နေတယ် ကခွန်းတို့လဲသန့်ရှင်းရေးလုပ်ပြီးကိုယ့်အခန်းကိုယ်နေရာချကာ အနားယူလိုက်တယ်"ပြတင်းပေါက်ဖွင့်ဖို့မေ့နေတာဘဲ"
ခွန်းအခန်းပြတင်းပေါက်ကိုထဖွင့်ပြီးအပြင်ဘက်ကိုကြည့်လိုက်တော့ ခွန်းတို့ခြေရင်းအိမ်ကလူနေ နေပြီထင်တယ် အရင်ကဒီအိမ်ကပိတ်ထားနေကျလေ ထားပါလေ သူများကိစ္စဘဲ မစပ်စုတော့ပါဘူးလေ ဆိုပြီးအောက်ထပ်ဆင်းလာခဲ့လိုက်တယ်
အောက်ထပ်ရောက်တော့မေမေကဧည့်ခန်းထဲမှာထိုင်နေတယ် ခွန်းလဲဝင်ထိုင်ပြီးတော့"မေမေ ခြေရင်းအိမ်ကလူတွေနေပြီးထင်တယ် ဘယ်သူတွေလဲမသိ ဘာအလုပ်လုပ်ကြတာလဲ နေတာရောကြာပြီးလားမသိ"
(ခွန်းသော်တာခန့်တို့များသိပ်မစပ်စုလိုက်ပါဘူး)"မေမေလဲဘယ်သိမလဲ သမီးငယ်ရယ်"
"ခွန်းလဲသိချင်သွားလို့ပါ"
မေမေနဲ့စကားပြောနေချိန် ကိုကိုမှဆင်းလာပြီး...
"ဘာတွေသိချင်တာတုန်း အငယ်မ"
"အော် ခြေရင်းအိမ်ကလူတွေအကြောင်းပါ ကိုကိုရာ"
"ခြေရင်းအိမ်ကလူတွေကနင့်ကိုဘာတတ်လုပ်နေလို့တုန်းဟ"
"ဒီ...စကားအကောင်းပြောလို့ကိုမရဘူး"
ခွန်းတို့မောင်နှမတွေကတည့်တဲ့အချိန်တော့တော်တော်ရှားတယ် စကားပြောလဲဘယ်တော့မှအပေါက်လမ်းကိုမတည့်ဘူး
ဒါမဲ့တစ်ယောက်ကိုတစ်ယောက်တော့မသိမသာလေးဂရုစိုက်တတ်ကြတယ်"ဖေဖေရော မေမေ"
"သမီး ဖေဖေက သမီးမမနဲ့အတူ ညနေစာထွက်ဝယ်လေရဲ့"
"ဖေဖေက ခွန်းကိုတောင်မခေါ်ဘူးကျန်"
ခွန်းမကျေနပ်တဲ့ပုံဖြစ်ပြောနေချိန်....
"ဖေ့သမီးလေးကအိပ်နေတယ်ဆိုလို့ပါဗျာ"
"ဖေဖေ ဘာဝယ်လာခဲ့လဲဟင်"
"စုံနေတာဘဲ သိချင်လဲလိုက်ခဲ့ပေါ့"
"ခွန်းမေးတာ ဖေဖေ့ကိုလေ
မမကိုမမေးဘူး""သမီးငယ်ကတော့ ကိုယ့်အမကိုစနေပြန်ပြီ"
"ကဲ လာကြ ဝယ်လာတာတွေကိုယူခဲ့
ထမင်းစားကြမယ်"
မေမေကထမင်းစားခန်းကနေဝင်ပြောလိုက်တော့ ခွန်းတို့အားလုံးထမင်းစားခန်းဆီဦးတည်သွားကြတယ် အိမ်ရဲ့အာဏာအရှိဆုံးမှာ ဒေါ်ပန်းချစ်ဝေ သာဖြစ်တယ် ဦးကျော်ခန့်ကတော့ မိန်းမချစ် ဆိုတော့ အကုန်မိန်းမသဘောချည်းပါဘဲ ခွန်းတို့မောင်နှမအကုန်မေမေ့စကားဆိုအကုန်နားထောင်ရတယ်ဖေဖေကအစနားထောင်နေတော့ခွန်းတို့လဲဖေဖေနောက်လိုက်ကြရတယ်ဆိုပါတော့ ဟီးးးး#hanzel
YOU ARE READING
ပိတောက်တခတ် မင်းအတွက်
Fantasy"နွေရိပ်ငြိမ်း" ဆိုတဲ့အမျိုးသမီးကြောင့် ပိတောက်ပန်းတွေ ပိုလှနေတယ်