Part_12

28 1 0
                                    

နောက်တပတ်ဆို ခွန်းတို့ တောင်ကြီးကိုပြန်ရတော့မယ် ကိုကိုလဲမပြန်ချင်သလို ခွန်းလဲမပြန်ချင်တော့ဘူး။ဒါမဲ့ ခွန်းကတော့ပြန်မှဖြစ်မှာ ကိုကိုကတော့နေခဲ့ဖို့ ဖေဖေတို့ကိုပြောမယ်တဲ့ သူနဲ့သွန်းကိစ္စလဲဖွင့်ပြောတော့မယ်လို့ ဖင်တကြွကြွဖြစ်နေတယ် ကိုကိုဒီလောက်ချစ်တတ်တာ ခုမှမြင်ဖူးတယ်။
မနက်ခင်း မနက်စာစားဖို့ မိသားစုတွေစုံနေပြီ ကိုကိုကထကာ စကားစဖို့ပြင်လိုက်တယ်။

"သား ပြောစရာရှိတယ် ဖေဖေ"

"ပြောလေ"

"သားမှာချစ်သူရှိနေပြီ"

"ဟေ ဘယ်သူတုန်းကွ"

ဖေဖေနဲ့မေမေနဲ့က ကိုကိုဆက်ပြောမှာကိုနားထောင်နေတယ်။

"သွန်း ပါ ဖေဖေ "

"သွန်း ဆိုတာ သမီးငယ်သူငယ်ချင်းလေးမလား"

မေမေကလှမ်းမေးတော့။

"ဟုတ်ပါတယ် မေမေ "

"သားသူ့ကိုတကယ်ချစ်သလား"

"ဟုတ် ဖေဖေ သား သွန်းကိုတကယ်ချစ်ပါတယ် သား လက်ထပ်ဖို့ထိရည်ရွယ်ထားတာပါ နောက်ပြီး ‌သားမော်လမြိုင်ကနေမပြန်ချင်ဘူးဖေဖေ ဖေဖေတခါကပြောတဲ့ မော်လမြိုင်မှာ လုပ်ငန်းခွဲမယ်ဆိုတာလေ အဲ့တာလုပ်ဖြစ်မယ်ဆိုရင် သား မော်လမြိုင်ကလုပ်ငန်းခွဲကိုဦးစီးပါ့မယ် ဖေဖေ သားတခါမှဖေဖေတို့ကိုစိတ်ပျက်အောင်မလုပ်ဖူးဘူးလေ ဒီတခါတော့ သားနဲ့သွန်းကိုသဘောတူပေးပါနော်"

ကိုကို့ရဲ့အပြောကို‌ဖေဖေတို့ကပြုံးပြီးနားထောင်နေတယ် ကိုကိုကဖေဖေ့အလုပ်ကိုဝိုင်းကူနေတာကြာပြီဖြစ်ပေမဲ့ ခုလိုဦးစီးဦးဆောင်လုပ်ဖို့တခါမှမပြောခဲ့ဘူး ဖေဖေကပြောတော့လဲ ကိုကိုကအမြဲငြင်းခဲ့တာ။

"ဖေဖေ့သဘောကတော့ ‌ငါ့သားဖြစ်စေချင်တာဖြစ်ရမယ် ဟုတ်ပြီလား တခုဘဲ လုပ်ငန်းကိုတော့သေချာဦးစီးနော်သား"

"မေမေကလဲ ‌သားဖေဖေလိုပါဘဲ
မေမေ့သားကြီးတောင်အရွယ်ရောက်လာပြီဘဲ"

ကိုကိုကဖေဖေနဲ့မေမေကိုပြေးဖက်လိုက်တယ် သူအပျော်ကြီးပျော်သွားပြီထင်တယ်။



ပိတောက်တခတ် မင်းအတွက်Where stories live. Discover now