Part_16

46 3 0
                                    

"ဟယ်လို မမနွေ"

"ပြောပါရှင်"

"မနက်စာတူတူသွားစားကြမလား"

"ကောင်းသားဘဲလေ ခွန်း ဘယ်ဆိုင်မှာစားချင်လို့လဲ"

"မမနွေ အချိန်ရရဲ့လား အဲ့ဆိုင်ကနဲနဲစောင့်ရတယ်"

"ရပါတယ်ရှင်..."

"ဒါဆို ခွန်းခုလာခေါ်မယ်နော်"

"အင်း"

ဖုန်းချပြီးတာနဲ့ ခွန်းဆိုင်ကယ်သော့ယူကာအောက်ထပ်ကိုဆင်းလာခဲ့လိုက်တယ်..
မမနွေနဲ့ချစ်သူဖြစ်တာ တပတ်လောက်ရှိပြီ ဒါမဲ့လဲ ဘယ်သူမှမသိကြသေးဘူး ခွန်းသူငယ်ချင်းတွေက နောက် တပတ်ဆိုပြန်ကြတော့မယ်လေ ခွန်း အစား မမ ကဘဲသူတို့သွားချင်တဲ့နေရာလိုက်ပို့ပေးနေတယ် ခွန်းလဲအားနာပေမဲ့ ပူပူနွေးနွေး ချစ်သူလေးအနားဘဲနေချင်တဲ့စိတ်တွေဘဲဖြစ်နေတော့ ဟီးးး..

"ကိုကို မမရော "

ဧည့်ခန်းကကိုကို့ကိုလှမ်းမေးလိုက်သည်။

"ခန့်တို့ကို မနက်စာလိုက်ကျွေးနေတယ်
နင်ရော ဘယ်သွားဖို့လဲ"

"ငါလဲ မနက်စာသွားစားဖို့လေ"

"အေအေ ဒါနဲ့ မနက်ဖြန် တောင်ဝိုင်းတောင်သွားမယ် "

"ကားနဲ့လား လမ်းလျှောက်ဆို မလိုက်နိုင်ဘူးနော်"

"ကြီးကြီးကျယ်ကျယ်..ကားနဲ့ပေါ့ဟ
နင့်ကိုလဲငါ‌မပြောချင်..."

"မပြောချင်လဲမပြောနဲ့တော့ ကိုကိုရေ"

"ဟ နေအုံးလေ ပြောမယ်"
"သူငယ်ချင်းတွေလာတာကို နင်ကဧည့်မခံဘဲ အပြင်တွေဘဲဇွတ်သွားနေတယ် ခွန်းသော်တာခန့် နင် ရည်းစားများရနေတာလား"

"ဟာ မဟုတ်ပါဘူး ကိုကိုကလဲ"

"မှန်မှန်လိမ်"

"ကဲပါ ငါသွားပြီ..."

ခွန်းမြန်မြန်လစ်ထွက်လာရတယ် မဟုတ်ရင် ပြောမိတော့မလို့လေ..ခြံရှေ့မှာထွက်စောင့်နေတဲ့ချစ်သူလေးကို ခွန်းဖြင့် ကြည့်မဝနိုင်။
လှတယ် ဆိုတာထက်ပိုတဲ့အလှမျိုးကိုပိုင်ဆိုင်ထားသူလေးး ။

ပိတောက်တခတ် မင်းအတွက်Where stories live. Discover now