Part_3

38 2 0
                                    

"နင်တို့သိလား အဲ့ficကအန်တီကအရမ်းလှတာ"

"ဟယ် စာအုပ်ထဲကလူကိုနင်ဘယ်လိုသိလဲ"

"ပုံထွက်လာတော့ တွေ့တာလေ ငါလေ
Ficထဲက‌ဇာတ်ကောင်တွေကိုချစ်နေရရင်ကိုကျေနပ်တယ် "

"ဒါဆို နင်ရည်းစားမထားဘူးလား"

သွန်းမှခွန်းကိုလှမ်းမေးလိုက်တယ်

"ဒါကတော့ သွန်းရယ် ခုတော့မထားသေးဘူးပေါ့ fic ထဲလိုအလှမျိုးပိုင်ဆိုင်ထားတဲ့လူ‌နဲ့တွေ့ရင်တော့မပြောတတ်ဘူး  "

"နင်ရော အပြင်မှာတွေ့ဖူးလား"

"မတွေ့ဖူးသေးဘူးဟာ"

ပန်းချီနဲ့သွန်း ခွန်းအိမ်ကိုနေ့တိုင်းလိုလိုလညလည်ကြတော့ ခွန်း က သွန်းနဲ့အတော်လေးရင်းနှီးနေပြီ

"ဟာာ ငါသိပြီ ငါတွေ့ဖူးတယ်"

သွန်းမှအလန့်တကြားထပြောတော့ ပန်းချီက သွန်းကိုလှမ်းရိုက်ကာ

"သွန်းရာ ဖြည်းဖြည်းပြောပါဟ လန့်သွားတာဘဲ"

"ဆောတီးပါဟယ် "

"ဒါနဲ့ပြောပါအုံးဟ နင်တွေ့ဖူးတဲ့လူကဘယ်သူလဲ" (ခွန်း)

"အေ ငါလဲသိချင်တယ်" (ပန်းချီ)

"မမနွေ လေ"

"မမနွေ" (ခွန်း/ပန်းချီ)

"အေဟ သွန်းအမ မမနွေက ခွန်းပြောသလိုအလှမျိုးပိုင်ဆိုင်ထားတယ်"

"ဘယ်သူလဲဟ မမနွေက"

"သွန်းအမလေ နင်မှမမြင်ဖူးတာ"

"ငါ့ဝမ်းကွဲအမလေ နာမည်က နွေရိပ်ငြိမ်း တဲ့
မမနွေက အသက်၃၀ပြည့်ပြီဟ နင်ပြောသလိုအလှမျိုးနဲ့ ဒါမဲ့ မမနွေက ခု ချစ်သူရှိတယ်"

"ဟယ် "(ခွန်း)













ပန်းချီတို့ကို ခွန်း ခြံရှေ့ထိလိုက်ပို့ပေးရင်း ခြေရင်းခြံကိုလှမ်းကြည့်လိုက်တဲ့ချိန်...
မမနွေ လို့ထင်ရတဲ့အမျိုးသမီးကိုတွေ့လိုက်တယ် ကားပေါ်ကနေဆင်းလာတဲ့အမျိုးသမီးရဲ့အလှကတကယ်ကိုမှင်သက်ရတယ် ကျောလယ်လောက်ရှိတဲ့ဆံပင်ကိုကလစ်လေးနဲ့အသာလေးညှပ်ထားတယ် နက်ပြာရောင်ထဘီလေးကို ရင်ဖုံးအပြာနုလေးနဲ့‌တွဲဝတ်ထားတယ် ထိုအမျိုးသမီးနဲ့သိပ်ကိုလိုက်ဖက်လွန်းတယ် အသားဖြူဖြူ နှာခေါင်းချွန်ချွန် မျက်နှာ သိပ်မချွန် သိပ်မဝိုင်းဘူး ခွန်းအကြာကြီးငေးကြည့်မိနေတယ် ထိုအချိန်

"လာ ခွန်း"

သွန်းမှ လက်ဆွဲခေါ်သွားပြီး...

"မမနွေ "

"သွန်း ပြောလေ"

အားးးအလှတင်ပြည့်စုံတာမဟုတ်ဘူး အသံလေးကအစဆွဲဆောင်မှုရှိလွန်းတယ်ချိုသာလွန်းတယ်

"ဒါက ခွန်းသော်တာခန့် တဲ့ သွန်းတို့ခေါင်းရင်းအိမ်က လေ"

"အော် ဟုတ်လား တွေ့ရတာဝမ်းသာပါတယ်
တို့ နာမည်က နွေရိပ်ငြိမ်း ပါ ကလေးမ"

ဟမ် ကလေးမ တဲ့အားးးးလူတွေသေအောင်သတ်နေသလိုဘဲ ခွန်း ကြောင်ပြီးကြည့်နေရင်း ထိုအမျိုးသမီးကခွန်းကိုစိုက်ကြည့်နေတယ် အကြည့်တွေကရူးလောက်တယ်
သွန်းမှခွန်းကိုတံတောင်နဲ့ထိုးလိုက်မှအသိစိတ်ပြန်ဝင်လာတယ်

"ဟုတ်...ဟုတ်ကဲ့ ခွန်း ပါ မမနွေ"

"ငြိမ်း ကိုသွားပြီနော်"

"ဟုတ် ကို ဂရုစိုက်မောင်းနော်"

ဟင် သွန်းပြောတာတကယ်ဘဲကို မမနွေမှာချစ်ရတဲ့လူရှိနေတာဘဲ စောစောတွေ့ခဲ့သင့်တယ် မမနွေရာ

"သွန်း ငါပြန်ပြီနော် မမနွေ ခွန်းကိုပြန်ခွင့်ပြုပါအုံး"

"အေး ခွန်း "(သွန်း)

"ကောင်းပါပြီကွယ် " (မမနွေ)


#hanzel

ပိတောက်တခတ် မင်းအတွက်Where stories live. Discover now