Part_14

27 1 0
                                    

"အကို ခွန်းကဘယ်လိုဖြစ်ရတာလဲဗျာ
ခုရောသူ အဆင်ပြေရဲ့လား"

စောစောစီးစီးရောက်လာတဲ့ ခွန်းသူငယ်ချင်း‌တွေ သူငယ်ချင်းဆိုတာ ဟိုမြို့ကသူငယ်ချင်းတွေပေါ့ မော်လမြိုင်လာလည်ကြတာ ခွန်းဆီဖုန်းလှမ်းဆက်တော့ ကျွန်တော်ဘဲကိုင်လိုက်ပြီးအကျိုးကြောင်းပြောပြလိုက်ရတယ် အဲ့တာကြောင့် သူတို့တွေရောက်နေချင်းဖြစ်တယ် ရောက်ရောက်ချင်းကျွန်တော့်ကိုလှမ်း‌မေးတာ ခန့်အုပ်စိုး ဆိုတဲ့ ကောင်လေးပေါ့(ကျွန်တော့အထင်ခွန်းကိုကြိုက်နေတဲ့ပုံဘဲ) ခွန်းက ညလယ်လောက်မှသတိပြန်ရလာတယ် ခုတော့ ပြန်အိပ်နေလေရဲ့ ဖြိုး‌ကိုလဲအိမ်ပြန်ခိုင်းလိုက်တယ် ကျွန်တော်ဘဲဆေးရုံစောင့်ပေးရတယ် ဖေဖေတို့ကိုအကြောင်းကြားဖို့ပြောပေမဲ့ ခွန်းကမပြောပါနဲ့‌တဲ့ ကြီးကြီးမားမားဖြစ်တာမဟုတ်ဘဲ ဖေဖေတို့လာရတာပင်ပန်းနေမှာစိုးလို့တဲ့လေ။

"အင်း ပြေပါတယ် ခုသူအိပ်နေတာလေ
ညီလေးတို့လဲခုမှရောက်တာ ပင်ပန်းနေရောပေါ့ "

"ရပါတယ် ကိုပိုင်ရ ကျွန်တော်တို့ကခွန်းကိုဘဲစိတ်ပူတာ"

ခန့်အုပ်စိုး မဖြေဘဲ ညီညီ ဆိုတဲ့ ကောင်လေးကပြန်ဖြေတယ်။ ရွန်းလဲ့နဲ့နဒီကတော့ ခွန်းကုတင်ဘေးမှာထိုင်နေလေရဲ့။

"မင်းတို့ အကိုတို့အိမ်မှာဘဲ တည်းကြပေါ့နော့်"

"ဟုတ်ကဲ့ ကိုပိုင် ကျွန်တော်တို့လဲအလည်သာ လာရတာ မော်လမြိုင်ကအသိဆိုလို့ ခွန်းတို့ဘဲရှိတာလေ "

"သိပါ့ကွာ"


-------------------

နွေ ဒီနေ့ပွဲရုံကိုနောက်ကျမှသွားဖို့လုပ်ထားတယ် ပွဲရုံမသွားခင် ခွန်းဆီဝင်ချင်လို့လေ
ပြင်ဆင်ပြီးတာနဲ့ သွန်းကိုစောင့်နေလိုက်တယ်။

"သွန်း သွားတော့မလား"

"ဟုတ် မမနွေ   မမနွေကိုကြည့်ရတာ ခွန်းကိုအတော်လေးစိတ်ပူနေတဲ့ပုံဘဲနော် ဟီး"

"အော်...အဲ့‌တာကတော့ သွန်းသူငယ်ချင်းကိုး
နောက်ပြီး မမ‌နွေနဲ့လဲအတော်လေးခင်နေတာကို ကိုယ့်ညီမလေး လိုဖြစ်နေလို့လေ"

ပိတောက်တခတ် မင်းအတွက်Where stories live. Discover now