Part_9

27 2 0
                                    

အတက်နေ့.....

"မမနွေရေ"

"ကဲပြောပါရှင်"

"မမနွေ ဘာမှမပြင်ရသေးဘူးလား
ခွန်းတို့ကားကထွက်တော့မယ်လေ"

"မမနွေခေါင်းကိုက်နေလို့ မလိုက်တော့ဘူး သွန်းရယ်"

"မမနွေ ခေါင်းကိုက်နေတာလား အ့ဆိုလဲ နေခဲ့လိုက်နော် နှစ်ဆန်းတရက်နေ့ကျရင်တော့ ဘုရားလိုက်ခဲ့ရမယ်နော် မမနွေ"

"အင်းပါ ခုတော့သွားတော့နော်"

"ဟုတ် မမနွေ"









"ဟိုမှာ သွန်းလာပြီ"

"သွန်း မမနွေရော"

"မမနွေ ခေါင်းကိုက်နေလို့ မလိုက်တော့ဘူးတဲ့"

"ဟင် မမနွေ သက်သာရဲ့လား အရမ်းကိုက်နေတာလား ဆေးရောရှိလား"

"မမနွေက ခေါင်းခဏခဏကိုက်‌တတ်တယ်လေ တရေးလောက်အိပ်လိုက်ရင်တော့သက်သာသွားမယ်‌ထင်တယ်"

"ကဲ ကားပေါ်တက်ကြတော့"

ပန်းချီလှမ်းခေါ်တော့ ခွန်းတို့လဲကားပေါ်တက်ခဲ့ကြတယ်

"သွန်း လာကိုယ်လက်ကိုကိုင် ပြုတ်ကျမှာစိုးလို့"

"အမလေးဟယ် ပိုလိုက်တာ"

"မမ နင်အားကျနေပြီဟုတ်"

"ဒါပေါ့ဟယ်"

ခွန်းတို့ မော်လမြိုင်တမြို့လုံးရေလည်ခံထွက်ခဲ့ကြတယ် ကမ်းနားလမ်းဘက်ကတော့လူအများဆုံးဘဲ သီချင်းသံတွေနဲ့ ကတဲ့လူက ကကြနဲ့ အရမ်းပျော်ဖို့ကောင်းတယ် ကမ်းနားလမ်းဘက်မှာ ကားရပ်ပြီး ကိုကိုတို့ဆင်းကကြသေးတယ် နေ့လည်လောက်မှ ခွန်းတို့အိမ်ပြန်လာခဲ့တယ် အတက်နေ့ဆို မနက်အစောကြီးထဲက ရေပက်ကြတယ်လေ
မမနွေ ပါရင် ခွန်းပိုပျော်မှာ ဒါမဲ့ ခုတော့ မမနွေကိုဘဲ ခွန်းစိတ်ပူနေမိတာ


_________________________________________
_________________________________________

"ဟယ်လို ကို"

"အင်း ငြိမ်းပြော"

"ကို ခုဘယ်မှာလဲ"

"ဘာလုပ်ဖို့လဲ ငြိမ်း ကိုယ့်ကိုသံသယံဝင်နေပြန်ပြီးလားဟမ်"

ပိတောက်တခတ် မင်းအတွက်Where stories live. Discover now