"ဒေါ်လှတင် ဆိုင်ကခုထိရှိသေးတယ်နော်"
"အင်းလေ ခု ဒေါ်လှတင် ထက် သူ့သမီးကြီး မမြခင် ဘဲဆိုင်ထိုင်တော့တာဟ"
ဒီနေ့ညနေ ခွန်းတို့သုံးယောက်လမ်းလျှောက်ထွက်ကြတယ် အကြာကြီးနေမှပြန်ရောက်ခဲ့တဲ့မွေးရပ်မြေလေးကိုအလွမ်းပြေ လမ်းလျှောက်ထွက်ကြတာပေါ့
"ဒါနဲ့ နောက်သုံးရက်ဆိုသက်ြန်ဘဲနော်"
"ဟုတ်သားဘဲ နင်တို့နှစ်ယောက်မှာဘာအစီစဉ်ရှိလဲ "
ခွန်းမေးကြည့်တော့ချစ်လှစွာတဲ့သူငယ်ချင်းနှစ်ယောက်မှာလဲ ဘာအစီစဉ်မှမရှိကြဘူး ဆိုတော့ ခွန်းဘဲအစီစဉ်ဆွဲရတော့တာပေါ့
"မရှိဘူးလေ ပန်းချီရော"
"ငါလဲမရှိဘူး ခွန်း နင့်မှာအစီစဉ်ရှိလို့လား"
"ငါစဉ်းစားထားတာတော့ရှိတယ်ဟ"
"ပြောကြည့်လေ" (သွန်း)
"ငါတို့အတက်နေ့ကျရင် ရေလည်ခံထွက်ကြမလား နှစ်ဆန်းတရက်နေ့ကျရင်တော့ ဘုရားသွားပြီးကုသိုလ်ကောင်းမှုလုပ်ရးကြတာပေါ့"
"ဆိုးတော့မဆိုးဘူးဟ"(ပန်းချီ)
"နေပါအုံး ရေလည်ခံထွက်ဖို့ကားရော"(သွန်း)
"ငါ့အကို ကိုပြောထားတယ် "
"ကိုပိုင် ကိုလား"(သွန်း)
"အင်းလေ "(ခွန်း)
"ဟိုရှေ့မှာ မမနွေ မလား"
ပန်းချီညွှန်ပြရာကိုလှမ်းကြည့်လိုက်တာ
မမနွေနဲ့အတူ မမနွေရဲ့ချစ်သူဆိုသူလဲရှိနေတယ် ကြည့်ရတာ မမနွေတို့စကားများနေကြတဲ့ပုံဘဲ မမနွေကိုစတွေ့ပြီးကတည်းက ခွန်း နှလုံးသားမှာ မမနွေသာစိုးမိုးနေတယ် ဘာမှမလုပ်တတ်တဲ့ခွန်းက မမနွေကိုနေ့တိုင်းငေးကြည့်ရုံနဲ့တင် အဆင့်မတက်သေး အဆင့်တက်ဖို့ကလဲ မမနွေမှာကပိုင်ရှင်ကြီးနဲ့ဆိုတော့ ခွန်း အဝေးကနေဘဲချစ်ဖို့ရည်ရွယ်ထားတယ်"ငါတို့ချောင်းနားထောင်ကြမလား"
"ပန်းချီရာ နင်ကလဲ သွန်းကိုအားနာပါအုံးဟ"
"ရတယ် ငါလဲနားထောင်ချင်တယ်"
ဒင်းတို့နှစ်ယောက်ကသစ်ပင်အကွယ်လေးကနေနားထောင်နေလေရဲ့ ခွန်းလဲလိုက်ပြီးချောင်းကြည့်မိသွားတယ် သေချာတယ် သူတို့နှစ်ယောက်စကားများနေကြတာ...
"ကိုယ် ငြိမ်းကိုပြောပြီးပြီလေ သူနဲ့ကဘာမှမပတ်သက်ပါဘူးလို့ ငြိမ်း ဘဲအတွေးလွန်နေတာ "
"ဟုတ်ပါတယ် ကျွန်မ ကဘဲအတွေးလွန်တာပါ ကိုယ့်ချစ်သူနဲ့တခြားမိန်းမတစ်ယောက် hotel ထဲတူတူဝင်သွားတာကို ကျွန်မ ပြုံးပြုံးလေးထိုင်ကြည့်ပေးရမှာလားဟမ်"
"အလုပ်ကိစ္စနဲ့လေ ငါ့ကိုစော်ကားတာများနေပြီးနော် နွေရိပ်ငြိမ်း !"
"ငြိမ်း ဘဲမှားတာပေါ့ ဟုတ်လား"
"အေ မင်းထင်တဲ့အတိုင်းဆက်လုပ်
ငါ့ဘက်ကတော့ဖြေရှင်းချက်ပေးပြီးပြီ""ကို "
မမနွေက သူ့ချစ်သူလက်ကိုလှမ်းဆွဲလိုက်တယ်
"လွှတ် ငါတို့နောက်မှဆက်ပြောရအောင်
မင်းအိမ်ပြန်တော့""နေ..နေပါအုံး ကို...ကို!"
မမနွေရဲ့စကားကိုလျစ်လျှူရှုကာထွက်သွားတဲ့ကားလေးတစီး မမနွေကအဲ့ကားလေးကိုငေးကြည့်ရင်းမျက်ရည်ကျနေတယ်....
ခွန်း ရင်တွေနာရတယ် မမနွေရယ်
ယောကျာ်းတစ်ယောက်တွက်နဲ့ မျက်ရည်ကျဖို့တန်ရဲ့လား မမနွေရယ်
သွန်းဆီကကြားမိတာတော့ မမနွေက အဲ့လူကြီးကိုသိပ်ချစ်တာတဲ့ ...
တအောင့်ကြာမှမမနွေလဲ ပြန်သွားတယ် ခွန်းတို့လဲသစ်ပင်နောက်ကထွက်လာပြီး.."မမနွေ သနားပါတယ်ဟယ်"(ပန်းချီ)
"ကိုတေဇထက် က မိန်းမရှုပ်တယ်လို့ကြားဖူးတယ် မမနွေကသိ"ကြီးနဲ့ခွင့်လွှတ်ထားပေးတာ ကိုတေဇထက်ကမမနွေဆိုသိပ်အနိုင်ကျင့်တာ သူတို့တွဲလာတာလဲတလနှစ်လမှမဟုတ်တာ ၃နှစ်ကျော်ပြီလေ အဲ့တောက်လျှောက် မမနွေဘက်ကဘဲ အလျော့ပေးခဲ့ရတာဟ ငါတော့မမနွေကိုသနားတာဘဲ"
သွန်းပြောတာကိုကြားတော့ မမနွေ မမနွေကသိပ်ချစ်တတ်တာဘဲလို့ခွန်းတွေးမိခဲ့တယ်...
_________________________________________
နွေ အိမ်ပြန်ရောက်တော့အခန်းထဲကိုဝင်ပြီး ထိုင်ငိုမိတယ် တလမ်းလုံးထိန်းထားခဲ့တဲ့မျက်ရည်တွေကအထိန်းကွပ်မဲ့စွာကျဆင်းနေတယ် နွေ သိတယ် အဲ့မိန်းကလေးနဲ့ကိုရဲ့ပတ်သက်မှုကို နွေ ပြန်ကြားမိတာတွေလဲရှိတယ် ဒီတခါကပထမဆုံးမှမဟုတ်တော့ ကိုတေဇထက် က အမြဲဒီလိုလုပ်နေကျဘဲလေ ဒါမဲ့ ဒီလိုလူတစ်ယောက်ကိုနွေဘာကြောင့်ချစ်နေရသေးတာလဲဆိုတာကို နွေ ကို ကိုယ်တိုင်ပင် မစဉ်းစားတတ်တော့ဘူး
#hanzel
YOU ARE READING
ပိတောက်တခတ် မင်းအတွက်
Fantasy"နွေရိပ်ငြိမ်း" ဆိုတဲ့အမျိုးသမီးကြောင့် ပိတောက်ပန်းတွေ ပိုလှနေတယ်