"ရေးးးးး သက်ြန်ရောက်ပြီကွ"
"အငယ်မ နင်လမ်းထိပ်မှာမုန့်သွားဝယ်ဖို့ရှိလား နင်သွားဝယ်ရင် ငါ့တွက် မုန့် ဝယ်ခဲ့ပေး"
"အမလေး ဘယ်မှမသွားပါဘူးရှင့်
အကြိုနေ့ဆိုလဲလမ်းထဲက စွ ကလေးတွေကရေပတ်တယ်""ငါလဲရေပတ်ခံရမှာကြောက်လို့ဟဲဟဲ"
"မေမေရေ ဘာတွေလုပ်နေလဲ"
ခွန်းလဲ မေမေ့ကိုလှမ်းခေါ်ရင်း အိမ်နောက်ဖေးကိုဝင်သွားလိုက်တယ်
"သမီးငယ် လာတဲ့အတော်ဘဲ မေမေ့ကိုခြေရင်းအိမ်ဆီ သက်ြန်ထမင်းသွားပို့ပေးပါလား "
"သွန်း တို့အိမ်ကိုလား "
"ဟုတ်တယ် "
"ဟုတ် မေမေ"
မေမေပေးတဲ့ချိုင့်လေးကိုလှမ်းယူပြီး
သွန်းတို့အိမ်ဆီထွက်လာခဲ့လိုက်တယ်
ခြံရှေ့ရောက်တော့..."သွန်း သွန်းရေ"
"လာပြီရှင့်"
ခွန်းခေါ်လိုက်တော့ သာယာလွန်းတဲ့အသံနဲ့အတူ သွန်းမဟုတ်ဘဲ မမနွေ ထွက်လာတယ် အမြဲမြန်မာဝတ်စုံဝတ်တတ်တဲ့မမနွေက ဒီ နေ့မှာလဲ ပန်းနုရောင်ရင်ဖုံးလက်တိုလေးနဲ့
သိပ်လှလွန်းတယ်
မမနွေရဲ့အလှကိုမြင်တိုင်း မမနွေ ကိုမျက်ရည်ကျစေတဲ့
ကိုတေဇထက်ကို ခွန်းသိပ်မုန်းမိပါရဲ့
မမနွေလာတာမြင်ပြီး ခွန်း ရင်ခုန်သံတွေမြန်လာတယ် ဒီအမျိုးသမီးရဲ့အလှကို ဘယ်လိုတင်စားရမလဲတောင်မသိတော့ဘူး
မမနွေကိုမြင်တိုင်း အလိုလိုပြုံးမိလာတဲ့ ခွန်းရဲ့နှုတ်ခမ်းတစုံ
မမနွေဟာလေ သိပ်ကိုလှလွန်းတာပါ"ခွန်းပါလား သွန်းတော့မရှိဘူးကွယ်
မေမေတို့နဲ့အတူ ဘုန်းကြီးကျောင်းလိုက်သွားလေရဲ့""ဟုတ် မမနွေ ခွန်းတို့အိမ်မှာ သက်ြန်ထမင်းလုပ်စားလို့ လာပို့ပေးတာပါ"
"ကဲလာလေ အိမ်ထဲဝင် "
ခွန်းလဲမမနွေခေါ်တဲ့နောက်လိုက်လာခဲ့လိုက်တယ် ဧည့်ခန်းလေးကသပ်သပ်ရပ်ရပ်လေးနဲ့ သဘောကျဖို့ကောင်းတယ် မမနွေကတော့ ချိုင့်သွားလှဲပေးနေတယ် ခဏအကြာပြန်ထွက်လာပြီး..
"အအေးလေးသောက်သွားနော် ခွန်း"
"အာ အားနာစရာကြီး မမနွေရယ်"
"မဟုတ်တာ ရော့ အင့် ဒီမှာချိုင့်"
မမနွေ က သက်ြန်ထမင်းဆိုသိပ်ကြိုက်တာ""ဟုတ်ကဲ့ မမနွေရော ဘုန်းကြီးကျောင်းမသွားဘူးလား "
"ဟအင်း ခေါင်းနဲနဲကိုက်နေလို့ အိပ်နေတာ"
"ခွန်းကြောင့် မမနွေ နိုးသွားတာလား
ခွန်း တောင်းပန်ပါတယ်""မဟုတ်ပါဘူး ကလေးရယ်
မမနွေကဒီတိုင်းအိပ်ပျော်ရုံလေးပါ
မဟုတ်လဲ ခဏနေဆို ထရတော့မှာလေ""ခွန်းကိုခွင့်ပြုပါအုံးနော် မမနွေ"
"ကောင်းပါပြီရှင်"
မမနွေကခွန်းကိုခြံရှေ့ထိလိုက်ပို့ပေးတယ်
ကလေးရယ် တဲ့ မမနွေ နှုတ်ဖျားကထွက်လာတဲ့စကားလုံးတိုင်းက ခွန်းကိုကြည်နူးစေတယ် အိမ်ရောက်တဲ့ထိ ပြုံးစိစိဖြစ်နေတဲ့ခွန်းကို မမ မှ လှမ်းစလိုက်တယ်.."ဟဲ့ အငယ်မ နင့်မျက်နှာက သကြားလုံးလိုဘဲ ချိုနေရော သတိထားပုရွတ်ဆိတ်တက်နေမယ်"
"မမကလဲ မပြောင်နဲ့"
"မမနွေကအရမ်းလှတယ်နော်"
"ဘယ်သူတုန်း မမနွေက"
"မမ မသိဘူးဘဲ သွန်းရဲ့အမလေ"
"ငါ့ မရီးဖြစ်လာမဲ့သူလား"
ကိုကိုမှဝင်ပြောတော့..ခွန်းကရီ၍
"အမလေး သွန်းနဲ့တောင်ရည်းစားမဖြစ်သေးဘူး ဇွတ်တွေအမျိုးစပ်နေတယ်နော်"
"အတက်နေ့ကျရင်ဖြစ်လာစေရမယ်
နင်တို့လဲကူညီနော်""မုန့်ကျွေးဖို့သာပြင်ထားလိုက်စမ်းပါ"
#hanzel
YOU ARE READING
ပိတောက်တခတ် မင်းအတွက်
Fantasy"နွေရိပ်ငြိမ်း" ဆိုတဲ့အမျိုးသမီးကြောင့် ပိတောက်ပန်းတွေ ပိုလှနေတယ်