တော်သေးတယ်ဘဲပြောရမလား
မြန်မာဝတ်စုံနဲ့မို့ ရေပက်တဲ့လူတွေကို ဘုရားသွားဖို့ပါလို့ပြောတော့ ရေမပက်ဘဲရှောင်ပေးကြတယ် ကိုတေဇထက် ချိန်းတဲ့နေရာက ကန်သုံးကန်နား(မဟာမြိုင်ဘုန်းကြီးကျောင်းအနောက်ဘက်နားမှာရှိတဲ့နေရာလေးပါ) ခွန်းတို့ငယ်ငယ်ကတော့ ဒီကန်သုံးနားမှာ ဘာမှမရှိဘူး ခုနောက်ပိုင်း လမ်းသွယ်နှစ်ခုကြားကတြိဂံပုံစံမြက်ခင်းလေးပြင်လေးမှာ အတွဲတွေဘဲဖြစ်ဖြစ် ညနေခင်း ကလေးတွေ အပျင်းပြေဆော့လို့ရအောင် အပန်းဖြေနေရာလေးဖြစ်နေတယ် တြိဂံအချွန်ဘက်နားမှာ အရိပ်ရမဲ့သစ်ပင်လေးတပင်ရှိတယ် အဲ့အပင်အောက်မှာ ကိုတေဇထက် ရပ်စောင့်နေတာကိုမြင်တော့ မမနွေက ကိုတေဇထက်ရှိရာဆီသွားတယ် ခွန်းက ဆိုင်ကယ်ကိုရပ်ကာ ဆိုင်ကယ်နားမှာဘဲ သူတို့ရဲ့အခြေနေကိုအကဲခတ်နေတယ် ကိုတေဇထက် က ရုပ်ဖြောင့်တယ် အရပ်မြင့်မြင့်ဒေါင်ကောင်းကောင်းနဲ့ မမနွေနဲ့မျက်နှာချင်းဆိုင်ယှဉ်ရပ်လိုက်တော့ အတော်ပင်လိုက်ဖက်ပါတယ်"ကို "
"ငြိမ်း "
"ကို ပြောစရာရှိတယ်ဆို ပြောလေ"
"ဟုတ်တယ် ငြိမ်း ကို တောင်းပန်ပါတယ်"
ကို့ထံကတောင်းပန်ပါတယ်ဆိုတဲ့စကားကြားရတော့ နွေ့စိတ်ထဲဝမ်းနည်းလာတယ် ကို ပြောမဲ့စကားတွေက မကောင်းတဲ့ကိစ္စများလားဆိုတဲ့အတွေးလဲဝင်လာတယ်
"ဘာလို့လဲ ကိုရဲ့"
"ကို တို့ ဆက်ဆံရေးကိုအဆုံးသတ်ရအောင်"
နွေ ကြားလိုက်ရတဲ့စကားတွေကြောင့် ပစ်လဲချင်စိတ်တွေပါပေါက်လာတယ် အဆုံးသတ်ရအောင် တဲ့ နွေ့ကိုချစ်တတ်အောင်သင်ခဲ့ပေးတဲ့ ထိုအမျိုးသားက နွေ့ကိုမုန်းတတ်အောင်ထပ်သင်ပေးဖို့လား
"ဟင်....ဘာလို့လဲ ကို
ကို့မှာ အခြားမိန်းကလေးရှိနေလို့လား
ဒါဆိုလဲ ဘာဖြစ်လို့လဲ ကိုရယ် အရင်ကလဲ ကို အဲ့လိုတွေထားခဲ့တာဘဲ ငြိမ်း နားလည်ပါတယ် ကိုရဲ့ ကို သူတို့ကိုအပျော်ဘဲတွဲတာမလား""ကို တောင်းပန်ပါတယ် လွန်ခဲ့တဲ့၅နှစ်က ကို ပထမဆုံးချစ်ခဲ့တဲ့ကိုယ့်အချစ်ဦး မမနွယ် ပြန်ရောက်နေပြီ နောက်ပြီး ကိုတို့ခံစားချက် ချင်းထပ်တူပြန်ကြသွားတယ် ငြိမ်း"
YOU ARE READING
ပိတောက်တခတ် မင်းအတွက်
Fantasy"နွေရိပ်ငြိမ်း" ဆိုတဲ့အမျိုးသမီးကြောင့် ပိတောက်ပန်းတွေ ပိုလှနေတယ်