အကျနေ့....
"ဒီနေ့တော့ပိတောက်ပန်းပွင့်ပြီထင်တယ်"
"မမနွေကပိတောက်ပန်းကိုသိပ်ကြိုက်တာ"
"ဟုတ်လား သွန်း ငါတို့ပိတောက်ပန်းသွားခူးကြမလား"
"ဘယ်နားမှာအပင်ရှိလို့လဲဟယ်"
"ကမ်းနားလမ်းနားမှာရှိမယ်ထင်တယ် "
"ဒီချိန်သွားရင် ငါတို့ရေပက်ခံထိမှာပေါ့ဟ"
(ပန်းချီ)"အစောကြီးရှိသေးတာကိုဟယ်
ပက်လဲစိုရုံပေါ့""ဟဲ့ ခွန်း နင် ပိတောက်ပန်းကိုမကြိုက်ဘူးမလား"(ပန်းချီ)
"ခု လိုချင်လာလို့ပါဟယ်"
"ငါသိနေတယ်နော် နင်မမနွေကိုပေးချင်လို့မလား"(ပန်းချီ)
"ဟီး ဟုတ်တယ်"
"မမနွေက သူ့ချစ်သူပေးတဲ့ပိတောက်ပန်း ပန်တာ အရင်နှစ်တွေကဆို လမ်းထဲကကလေးတွေပေးတာတောင်မပန်ဘူး "(သွန်း)
"မမနွေတို့က ရည်းစားထိပ်ထားစံပေါ့"(ပန်းချီ)
အော် မမနွေရယ် သူ့ကိုအဲ့သလောက်တောင်ချစ်ရလားဟင် ကိုတေဇထက် ကို ခွန်းသိပ်အားကျတာဘဲ
"ခွန်း ပန်းခူးမယ်ဆို သွားမယ်လေ"
"တော်ပါပြီ သွန်းရယ် မသွားတော့ပါဘူး"
"လာပါဟယ် ခူးလို့မရလဲ ဈေးတွေမှာဝယ်ရအောင်" (ပန်းချီ)
"ဒါဆို ဆိုင်ကယ်သွားယူလိုက်အုံးမယ်"
"ဆိုင်ကယ်တစီးထဲသုံးယောက်စီးလို့ရမလား""ရပါတယ် ခွန်းရာ"(ပန်းချီ)
"မရပါဘူး ခဏလေး
ကိုကိုရေ ကိုကို ""အေးပြော"
ကိုကိုကအခန်းထဲမှထူးကာခွန်းတို့ရှိရာကိုထွက်လာတယ်
"ခွန်းတို့ ပိတောက်ပန်းသွားရှာမလို့ လိုက်ခဲ့"
"အားအားယားယား မလိုက်ဘူး"
"ဆိုင်ကယ်တစီးမှာသုံးယောက်စီးမရလို့
ကိုကိုလိုက်ခဲ့မှရမှာ သွန်းနဲ့ကိုကိုနဲ့တစီး စီးလေ"ခွန်းမှ ကိုကို့ကိုမျက်စိတဖက်မှိတ်ပြလိုက်တော့ ကိုကိုလဲသဘောပေါက်သွားပြီး..
YOU ARE READING
ပိတောက်တခတ် မင်းအတွက်
Fantasy"နွေရိပ်ငြိမ်း" ဆိုတဲ့အမျိုးသမီးကြောင့် ပိတောက်ပန်းတွေ ပိုလှနေတယ်