"တဖြည်းဖြည်းထနော် ခွန်း ငါချီရမလား"
ခွန်းလဲအတော်လေးသက်သာနေပြီမို့ဒီ နေ့ ဆေးရုံကဆင်းရမယ် ပခုံးကဒဏ်ရာက နောက်ခါဆို ကျိုးနိုင်တာမို့ဂရုစိုက်ဖို့ဆရာဝန်ကမှာလိုက်တယ် ခွန်းဆေးရုံ၁ပတ် လောက်ဘဲတက်လိုက်ရတယ် ၁ပတ်အတွင်း မမနွေက ၁ရက်သာလာကြည့်သွားတယ် ခွန်းမသိခဲ့ ကိုကိုပြောပြမှသိခဲ့ရတယ်။ ခွန်းကမမ နွေတွက်သာမာန်အသိတစ်ယောက်ဘဲထင်ပါရဲ့။ ဆေးရုံဆင်းဖို့လာကူသူမှာ ခန့်ပင်။
ခွန်းသူတို့ကိုအလည် ခေါ်ထားပြီးမှဘယ်မှလိုက်မပို့ဖြစ်ဘူးခွန်းလဲအားနာမိတယ် ကိုကိုတို့ကလဲအလုပ်တွေများနေတာကြောင့် ဆင်းရုံဆင်းဖို့ ခန့်ကိုသာအကူညီတောင်းခဲ့တယ် ကျန်တဲ့သူငယ်ချင်းတွေက အပြင်မှာစောင့်နေကြတယ် အားလုံးထက်စိတ်ပူသူမှာခန့်
ခုလဲ အကဲပိုကာပြောလာတဲ့ခန့်ကြောင့် ခွန်းခေါင်းလေးခါမိတယ်။"ရပါတယ် ခန့်ရယ် ငါဘာမှမဖြစ်တော့ပါဘူး"
"ငါကစိတ်ပူလို့ပါ"
"ရတယ် ငါ့ဘာငါလမ်းလျှောက်မယ် အကုန်သက်သာသွားပါပြီ"
နဖူးထောင့်က အမာရွတ်လေးကိုလှမ်းထိလိုက်တဲ့ခန့်ကြောင့် ခွန်းကြောင်ကြည့်နေမိတယ်...ခန့်အကြည့်တွေကအဖြူရောင်မဟုတ်မှန်းရိပ်မိသား။ ခွန်းတို့ခဏတာအကြည့်ချင်းစုံကာ ပတ်ဝန်းကျင်ကလဲတိတ်ဆိတ်နေတယ်။ အခန်းဝမှ ခွန်းတို့ကိုတစုံတစ်ယောက်ကစိုက်ကြည့်နေသလိုခံစားမိလာတယ်။
"မမနွေ"
ခွန်းခေါ်သံကိုလျစ်လျှူရှူကာပြေးထွက်သွားတယ်။ ခွန်းလဲမမနွေနောက်လိုက်လာခဲ့တယ်
တခုခုကိုအထင်လွဲသွားတဲ့ပုံဘဲ...
မမနွေ ခွန်းကိုအမြင်စောင်းမှာကိုခွန်းကြောက်တယ်။ဆေးရုံဝင်းထဲမှ ဆိုင်ကယ်နဲ့ထွက်သွားတဲ့မမနွေနောက်ကိုခွန်းလိုက်ရတော့မယ်။မြတ်နိုးတို့စောင့်နေတဲ့ကားနားကိုသွားကာ"ဖြိုးထက် ငါ့ကိုမမနွေနောက်လိုက်ပို့ပေးလို့ရမလား"
"ဘာလို့လဲ ခွန်းရ ခန့်ရော ဘယ်မှာလဲ"
"ဟိုမှာ ခန့်ဘဲ"
မြတ်နိုးအမေးကိုခွန်းမဖြေခင်..
ကြယ်စင်မှ ခွန်းတို့ဆီပြေးလာတဲ့ခန့်ကိုလက်ညိုးထိုးပြလိုက်တယ်။
YOU ARE READING
ပိတောက်တခတ် မင်းအတွက်
Fantasy"နွေရိပ်ငြိမ်း" ဆိုတဲ့အမျိုးသမီးကြောင့် ပိတောက်ပန်းတွေ ပိုလှနေတယ်