ရေဘေးအလှူ

330 9 0
                                    

လောင်းတိုင်းနိုးစီးပါ အချစ်တို့...

ရေဘေးအလှူအတွက် စာရေးဆရာ Ko Yan Shinn ကနေ ဦးစီးပြီး ကောက်ခံသွားမယ့် စာဖတ်ရင်း လှုဒါန်းကူညီလို့ရမယ့် စာရေးသူ ၉ ယောက် collaboration လေးပါ။

PDF file တစ်ခုကို 5000 MMK နှုန်း ကျသင့်မှာဖြစ်ပါတယ်။ ၂၆ ရက်နေ့အထိ ဝယ်လို့ရပါသေးတယ်။ ရရှိငွေ ၁၀၀% ကို ပြန်လည်လှူဒါန်းသွားမှာမို့ ယုံယုံကြည်လို့ရပါတယ်။

ဒီ fundraising လေးမှာ သွေးလည်း "မေတ္တာနွေးရိပ်" ဆိုတဲ့ စာဖိုင်လေးနဲ့ ပါဝင်အားဖြည့်ထားပါတယ်။ wattpad word counter နဲ့ စာလုံးရေ တစ်သောင်းကျော်ပါပြီး သွေးရေးဖူးတဲ့ one shot တွေထဲ အရှည်ဆုံးနဲ့ ရေးချိန် နှစ်ညနဲ့ တစ်မနက်အတွင်း အပြီးသတ်ခဲ့ရတဲ့ အမြန်ဆုံးလေးမို့ တကယ်မှတ်မှတ်ရရပါပဲ။ (ခါတိုင်းဆို အလုပ်ပြီးရင် သာခွေယိုင်ဖြစ်ပြီး ထိုးအိပ်တတ်တာမို့ တစ်ပိုင်းနဲ့တစ်ပိုင်း အချိန်အကြာကြီး ပစ်ထားရတာ စာဖတ်သူလေးတွေ အသိပါပဲ😅)

Medical and chemistry နယ်ပယ်ထဲက ဇာတ်ကောင်ချောချောလေးတွေကို အသက်သွင်းထားပါတယ်။ ကြောက်ဖို့ကောင်းတယ်ဆိုတဲ့ ကိုကိုက သူ့အချစ်လေးနဲ့တွေ့တဲ့အခါကျ ဘယ်လိုတွေတောင် စိမ်းလန်းသွားလဲဆိုတာကို သွေးရဲ့သားဆိုးဆိုးလေးနဲ့အတူ အသဲတယားယားဖတ်လို့ရအောင် အတတ်နိုင်ဆုံး ကြိုးစားပုံဖော်ထားပါတယ်။

ဝယ်ဖတ်ဖြစ်ခဲ့ရင် #shortnfeel ဆိုတဲ့ hashtag လေးနဲ့အတူ review လေးတွေကိုလည်း မြင်ချင်ပါတယ် အချစ်တို့ 🫶🫶

In details ကို Facebook မှာ သွားကြည့်ကြပါရှင်။ (သွေး ပရိုဖိုင်မှာ ရှဲထားပါတယ်။ ကိုရန်ရှင်း အကောင့်ထဲ သွားကြည့်လည်း ရပါတယ် if that link didn't work)

https://www.facebook.com/share/p/a1FA8dWzadPUEg6f/?mibextid=oFDknk

အကြာကြီးပစ်ထားပြီးမှ အလှူခံဖို့ ပြန်ပေါ်လာရတာအတွက် အားနာပါတယ်ရှင်။ one shot လေးတစ်ခု လက်စသတ်ပြီး စာမေးပွဲတွေပြီးတာနဲ့ ခမ်းတို့ဆီ ပြန်လာခဲ့ပါ့မယ်နော်။ 🥹🫶

အချစ်များစွာနှင့် ~~

You've reached the end of published parts.

⏰ Last updated: Sep 22 ⏰

Add this story to your Library to get notified about new parts!

ကိုယ့်ဘဝရဲ့ ရောင်ခြည်ဉီး Where stories live. Discover now