Chapter 14

784 42 16
                                    

ကားဖြူလေးရဲ့ ‌ဖြည်းဖြည်းမှန်မှန် မောင်းနှင်မှုတို့ရပ်တန့်ချိန်တွင် ခြံကျယ်ကြီးထဲရှိ တစ်ထပ်တိုက်ဖြူဖြူလေးကို မြင်တွေ့လိုက်ရသည်။ အိမ်လေးက ခြံရဲ့ မြောက်ဘက်တစ်ခြမ်းစာသာ နေရာယူကာ တောင်ဘက်တစ်ခြမ်းကတော့ ဉယျာဉ်သေးသေးလေးလို့ယူဆရတဲ့ မြေကွက်လပ်စိမ်းစိမ်းလေး ဖြစ်သည်။ အစ်ကို့အိမ်လေးက ပိုင်ရှင်တူတာပဲ... အဟိ... ချစ်စရာလေး...။

"ဒါ မင်းတို့နေရမယ့်အိမ်။ ဆရာကတော့ ဒီတစ်နှစ်ကို တနင်္လာကနေ သောကြာအထိက ရွာမှာနေပြီး သောကြာညနေမှ ဒီရောက်မှာ"

"ဟုတ်ကဲ့"

လေးယောက်လုံး ပြိုင်တူဖြေလိုက်ကြသည်။ အစက ဖြူသွယ်ရောပါမယ်ပြောပေမယ့် နောက်ပိုင်းကျ ကျောင်းဆက်မတက်ချင်တော့ဘူးဆိုပြီး တက္ကသိုလ်ဆက်မတက်တော့လို့ ကောင်းကောင်းတို့လေးယောက်ထဲ ပါလာတာဖြစ်၏။

"အိပ်ခန်းကတော့ နှစ်ခန်းပဲပါတော့ နှစ်ယောက်တစ်ခန်း နေမှရမယ်"

"ဟုတ် ရပါတယ် ဆရာ။ သားတို့က အဆင်ပြေပါတယ်"

"အင်း... အချင်းချင်း တည့်အောင်နေမယ်နော်၊ ရန်ဖြစ်တယ်ဆိုတဲ့အသံ မကြားချင်ဘူး လေးယောက်လုံး..."

"ဟုတ်ကဲ့ ဆရာ"

လေးယောက်သားပြိုင်တူဖြေအပြီးတွင် မျက်စောင်းတို့က ကောင်းကောင်းနှင့် ပိုင်ကျော့်ဆီမှ တိုင်ပင်မထားပါဘဲ ပြိုင်တူသက်ဆင်းလာကြသဖြင့် ကောင်းကောင်း မျက်နှာလွှဲလိုက်မိသည်။

အစ်ကို့အိမ်ကို ကောင်းကောင်းတို့ လှည့်ပတ်ကြည့်ကြသည်။ တစ်ထပ်တိုက်လေးဖြစ်ပေမယ့် ဒီဇိုင်းဆွဲပုံက လှပသေသပ်လွန်းသည်။ အရှေ့ဘက်မျက်နှာလှည့်အိမ်လေးဖြစ်ပြီး တံခါးမကြကနေ ဝင်လိုက်ရင် မြောက်ဘက် (လက်ယာဘက်)မှာ ဘုရားခန်းနဲ့ တောင်ဘက် (လက်ဝဲဘက်)မှာ ဧည့်ခန်းကျယ်ကျယ်တစ်ခု ရှိ၏။ အနောက်မှာတော့ အိပ်ခန်းတို့က တစ်ဖက်တစ်ခုစီ ဆက်ရှိသည်။ ထို့အနောက်မှ ရေချိုးခန်း၊ အိမ်သာ တွဲလျက်တစ်ခန်းနှင့် ထမင်းစားခန်းကြားတွင် မီးဖိုခန်းရှိသည်။ အိမ်ရဲ့ တောင်ဘက်နဲ့ ‌အနောက်ဖေးကိုထွက်သည့် အပေါက်ငယ်နှစ်ခုလည်း ရှိသေး၏။

ကိုယ့်ဘဝရဲ့ ရောင်ခြည်ဉီး Where stories live. Discover now