#Unicode
အေးချမ်းတိတ်ဆိတ်လှတဲ့ ရွာတစ်ရွာ…။
ရွာလို့ခေါ်ကြပေမယ့် သေးငယ်လွန်းသည်တော့မဟုတ်၊ အမှန်စင်စစ် ရွာကြီးတစ်ရွာပင် ဖြစ်သည်။ လယ်ယာစိုက်ပျိုးရေးဖြင့်သာ အသက်မွေးကြသည့် ရိုးရိုးအေးအေး တောသူတောင်သားများဖြစ်တာမို့ ပညာရေးပိုင်းကို အဓိကထားနေကြသည်မဟုတ်၊ လေးတန်းအောင်ရင် မိန်းကလေးတွေအဖို့က လုံလောက်ပြီ။ လယ်ကွင်း၊ ယာခင်းထဲမှာ စပါးစိုက်၊ နှမ်းကြဲ စသည်ဖြင့် လယ်လုပ်ငန်းများ လုပ်ကိုင်နေကြပြီ။ ယောက်ျားလေးတွေကတော့ အလယ်တန်းပြီးသူများသည်။ အထက်တန်းထိ မရှိသေးသည့်အတွက် မြို့ပေါ်အထက်တန်းကျောင်းများကို တကူးတက သွားရောက်ပညာသင်ကြားသူက သူကြီးသားသမီးများ၊ ရွာမျက်နှာဖုံး သူဌေးသားသမီးများလောက်ပင်ရှိပြီး လက်ချိုးရေလို့ပင်ရတာကြောင့် ဘွဲ့ရသူဟူ၍ ဝေးစွ။သူငယ်တန်းမှ လေးတန်းအထိ မူလတန်းအဆင့်ကို ရွာဦးကျောင်းတွင်သာ ဘုန်းတော်ကြီးသင်ပညာရေးသဘောမျိုးဖြင့် သင်ယူကြရပြီး ငါးတန်းမှ ရှစ်တန်းအထိ ကျောင်းသားကျောင်းသူများအတွက်တော့ အခြေခံပညာအလယ်တန်းကျောင်းလေးရှိပါသည်။ ထိုကျောင်းတွင်တော့ ကျောင်းအုပ်အနေဖြင့် ဆရာတစ်ဦးရှိပြီး ရွာခံဆရာမနှစ်ဦးနဲ့အတူ အလယ်တန်းကျောင်းသားများအတွက် သင်ကြားပေးလျက်ရှိသည်။ အထက်တန်းဆက်တက်လိုပါက နီးစပ်ရာ မုံရွာမြို့ပေါ်ရှိကျောင်းများကို သွားရောက်ရပြီး အတန်အသင့်လည်း ဝေး၊ ငွေကုန်ကြေးကျ စားရိတ်စားခလည်း များသည်။ အထက်တန်းကို ဆက်မတက်ကြသူများသည် ထိုအကြောင်းကြောင့်လည်း ပါဝင်နေသည်။
ထိုရွာလေးတွင် ဉူးသောဘိတ ခေါ်တွင်သော ဘုန်းတော်ကြီးတစ်ပါးက ရွာဦးကျောင်းတွင် ကျောင်းထိုင်ကာ ထိုရွာလေး၏ တိုးတက်ရာတိုးတက်ကြောင်းကို တတ်အားသမျှ လုပ်ကိုင်ပေးနေသည်။ မဟာလာဘံ ဟုအမည်ရသော အထက်ပုဂ္ဂိုလ်များနှင့်တကွ မေတ္တာဓာတ်ဖြင့် နာမကျန်းဖြစ်သူများ၊ တစ္ဆေသရဲ ပူးကပ်သူများ၊ ပယောဂများကို ကုသပေးနေသည့် ဆေးဂိုဏ်းတစ်ခု၌လည်း ဦးစီးနေသူဖြစ်သောကြောင့် ဆရာတော်ဘုရား၏ ဂုဏ်သတင်းမှာ မြို့များအထိပင် ကျော်ကြားသည်။ ထို့ကြောင့် အခြားမြို့ကြီးများမှ လာရောက်ဖူးမြော်ကြသူများလည်း ရှိပေသည်။
YOU ARE READING
ကိုယ့်ဘဝရဲ့ ရောင်ခြည်ဉီး
عشوائي"ပတ်ဝန်းကျင်က ဘယ်လိုတွေပဲ ကဲ့ရဲ့ရှုတ်ချနေပါစေ မင်းသာကိုယ့်အနားမှာ ရှိနေပေးမယ်ဆို ကိုယ်တစ်လောကလုံးနဲ့ အတိုက်အခံလုပ်ရဲတယ် ကောင်လေး"