Chapter 15

712 45 13
                                    

#Unicode

ပြောချင်ရာပြောပြီး ကျောင်းထဲပြန်ဝင်သွားတဲ့ ခမ်းရောင်ခြည်ကြောင့် မင်းဆက် အလိုမကျစွာရပ်ရင်း ဆက်လိုက်မနေဘဲသာ ပြန်လှည့်လာတော့သည်။ နေနှင့်ပါစေဦးတော့.....။

"အညာ‌ထန်းရည် ကောင်းတယ်ကြားတယ်။ ဝဏ္ဏ... ထန်းရည်ဆိုင် ဘယ်နားမလဲ သိလား"

"ကျွန်တော် မသိဘူး boss"

"ကျစ်...! သွားမယ်... လမ်းမေးသွား"

"Yes, boss...!"

ကားနက်လေးရဲ့ ‌ဖြည်းဖြည်းမှန်မှန် မောင်းနှင်မှုနောက်တွင် ဖုန်ထုက ကျန်ရစ်နေခဲ့သည်။ အိမ်လေးတွေက တစ်ထပ်အိမ်ခေါ်သလား မသိတဲ့ ခြေတံရှည်ရှည်၊ လှေကားနဲ့တက်ရတဲ့၊ အောက်ကကွက်လပ်မှာ လူနေလို့ရတဲ့ သစ်သားအိမ်တွေများသည်။ အိမ်ဝန်းကျယ်ကျယ်ကြီးတွေနဲ့ အုတ်တံတိုင်းရှိဖို့နေနေသာသာ ဝင်းထရံကို သေချာမြင့်မြင့်ပင် မကာထား။

ရှေ့ကနေ ခမောက်ဆောင်းကာ ငိုက်စိုက်ငိုက်စိုက်လျှောက်လာသူ‌ကို မြင်သည်မို့ ဝဏ္ဏက ကားရပ်ပြီး ဆင်းကာ ထန်းရည်ဆိုင်ကို မေးသည်။ ဒီလိုပင် မေးစမ်းရင်းနဲ့ ထန်းတောလို့ ခေါ်ကြတဲ့ အိမ်မရှိတဲ့ လယ်ပြင်ကြီးဆီရောက်လာသည်။ တဲပုလေးထဲမှာ တင်ပါးအလယ်ထိရှည်သည့် ဆံပင်ကို ကျစ်ဆံမြီးကျစ်ကာ ချထားသည့် မိန်းကလေးတစ်ယောက်က သူတို့ကို ကျောပေးရပ်ကာ ဘာသားမှန်းမသိတဲ့ဟာတွေကို ဒယ်အိုးထဲ ထည့်ကာ ကြော်နေသည်။ ကိုယ်နေကိုယ်ဟန်က အတော်‌ကြည့်ကောင်းသည်။ အသားက ဖွေးစွတ်မနေပေမယ့် မည်းနက်သည့်အထဲ မပါ။ ခါးနေရာ ခါး၊ ရင်နေရာ ရင်၊ တင်နေရာ တင်၊ သူ့အချိုးအစားနှင့်အတူ ပြေပြစ်ကာ ကောက်ကြောင်းလှသည့် မိန်းကလေးအုပ်စုထဲ ထည့်လို့ရသည်။

"ဒီမှာ ... ထန်းရည်ဆိုင် ဘယ်လိုရောင်းလဲ"

"ဗျာ..."

ဝင်ဝင်ချင်း ဝဏ္ဏရဲ့ အမေးကြောင့် အနောက်ကို ခပ်သွက်သွက် လှည့်ကြည့်လာသည်။ မျက်လုံးဝိုင်းဝိုင်းထဲတွင် ကြည်လင်ရိုးသားသည့် ပုံရိပ်တွေက အထင်းသားပေါ်နေသူသည် မျက်နှာလေးက မင်းဆက်ရင်ထဲ မရိုးမရွဖြစ်စေပြီး သူ့အလှကို ဘယ်လိုဖော်ပြရမည်မှန်း မသိ။ one-night-stand ခေါ်ခဲ့သည့် မိန်းကလေးတွေလို sexy မကျ၊ ညှို့အားမပြင်း၊ မချောမောလှ။ သို့သော် အကြောင်းအရင်းမရှိ စိုက်ကြည့်နေမိလောက်သည်အထိ၊ အကြည့်မခွာနိုင်လောက်သည်အထိ တည်တည်ငြိမ်ငြိမ်ဟန်နှင့် အကြည့်ခံလွန်းသည်။

ကိုယ့်ဘဝရဲ့ ရောင်ခြည်ဉီး Where stories live. Discover now