တန်းလျားပေါ်အိပ်နေရင်း ချမ်းအေးအေး ခံစားချက်နှင့်အတူ အိပ်ရာမှနိုးလာသည်။ ဘေးကစားပွဲပေါ်ကို လက်နဲ့စမ်းပြီး နာရီယူကြည့်လိုက်တော့ ၅:၅၃။ မိုးလင်းခါနီးမှ အိပ်ပျော်သွားသည်မို့ အိပ်ရေးမဝဘဲ နုံးသလိုလိုဖြစ်နေသေးပေမယ့် ဆက်မအိပ်တော့ဘဲ ထဖို့ပြင်လိုက်သည်။ မနေ့ညက တော်တော်နဲ့အိပ်မပျော်ခဲ့ပါ။ လှည့်ကြည့်လှည့်ကြည့်လုပ်နေသည့် ကောင်လေးကိုကြည့်ရင်း သူ့အကြောင်းတွေက ခေါင်းထဲအစီအရီ။
စတွေ့ကတည်းက ဆာဆာဝေသည့် အသံလေးနှင့် အဘွားနဲ့ရန်ဖြစ်ကြကာ နှုတ်ခမ်းဆူဆူဖြင့်ပုံစံလေး။ နောက်ပြီး သူစိမ်းဧည့်တွေပါလာတာမြင်တော့မှ ငြိမ်ကျသွားသည်။ ခမ်း ဆူရင် ငေါက်ရင် ဇီးရွက်မျက်နှာလေးနဲ့ ငြိမ်ကျသွားသည့် ကောင်လေးက ကျန်တဲ့အချိန်တွေမှာ ချစ်ဖို့ကောင်းလွန်းသည့် အပြုံးတွေနှင့် ပေါ့ပေါ့ပါးပါးနေတတ်သူလေးဖြစ်၏။ ခမ်း သူ့ကိုစတွေ့ကတည်းက သံယောဇဉ်တွယ်မိခဲ့သည်။ ဖြူဖြူစင်စင် ကလေးသာသာပေမယ့် ထင်ရာကြဲသည့် ငမွှေးထိုးပုံစံနှင့် မခုတ်တတ်သည့်ကြောင်နှယ် မဝံ့မရဲပုံစံ နှစ်မျိုးရှိလေသည်။
တီတီတာတာ လာပြောကာ အမေးအမြန်းထူသည့် သာလိကာလေးက ဉာဏ်ကောင်းသလောက် အပျင်းထူသည့် စာနဲ့ဓာတ်မတည့်တဲ့ ငမွှေးထိုးလေးဖြစ်သည်။ ဖြစ်စေ၊ တတ်စေချင်သည့် စေတနာလောဘကြောင့် ဆူမိ၊ ရိုက်မိတာလည်း အခါခါ။ ဒါပေမယ့် ဆူပြီး ရိုက်ပြီးသွားရင်၊ ဒီကလေးငိုရင် ကိုယ့်ရင်ထဲလည်း မကောင်းတာအမှန်။
*ချစ်တယ်* တဲ့။ ကိုယ့်ထက်ဆယ်နှစ်လောက်ငယ်တဲ့ ကောင်လေးဆီကနေ ဖွင့်ပြောခံလိုက်ရခြင်း။ ခမ်းလည်း ချစ်တာပေါ့။ ကိုယ့်ကလေးတွေအားလုံးကို ကိုယ်တပည့်လိုတင်မဟုတ်ဘဲ ကိုယ့်ညီတွေ နှမတွေလို။ တစ်နည်းအားဖြင့် ၅၂၈။ ဒါပေမယ့် ကောင်လေးရဲ့အချစ်က ဈေးကြီးလွန်းနေသည်မို့ ခမ်း လက်မခံနိုင်။ လက်မခံရဲတာဆို ပိုမှန်မည်ထင်။
ပတ်ဝန်းကျင်ရဲ့ နစ်နစ်နာနာပုတ်ခတ်ပြောဆိုမှုတွေ၊ ရွံရှာဖွယ်အကြည့်တွေ၊ ခွဲခြားဆက်ဆံမှုတွေကြား ပြန်နလန်မထူနိုင်တော့ဘဲ ဖြစ်သွားနိုင်လောက်အောင်ကို ထိုကောင်လေးက ငယ်လွန်းသေးသည်။ ခံနိုင်ရည်ရှိဦးမည်မဟုတ်။ သူ့ဘဝက ရှေ့လျှောက် တက်လမ်းတွေ အများကြီးရှိသေးသည် မဟုတ်ပါလား။

YOU ARE READING
ကိုယ့်ဘဝရဲ့ ရောင်ခြည်ဉီး
Random"ပတ်ဝန်းကျင်က ဘယ်လိုတွေပဲ ကဲ့ရဲ့ရှုတ်ချနေပါစေ မင်းသာကိုယ့်အနားမှာ ရှိနေပေးမယ်ဆို ကိုယ်တစ်လောကလုံးနဲ့ အတိုက်အခံလုပ်ရဲတယ် ကောင်လေး"