Chapter 11

1K 53 19
                                    

ညနေအချိန်ပိုတစ်ချိန် သင်ပြီးသည်နှင့် ကောင်းကောင်း ဆရာနားနေတဲဆီ ဦးတည်လိုက်သည်။ ရှိုင်းထက်နဲ့ ဟိန်းခန့်ကတော့ ဖိုက်တင်း သူငယ်ချင်းဟုဆိုကာ လှည့်ကြည့် လှည့်ကြည့်ဖြင့် ပြန်သွားကြသည်။ ကောင်းကောင်းကတော့ မျက်နှာငယ်လေးနှင့် ရပ်ကြည့်ရင်း ကျန်ခဲ့ရသည်။ ဆရာမ မဇွန်ဆီကရော ဆရာနိုင်ဆီကရော အဆူခံရပြီးပြီကို အစ်ကို့ဆီကပါ ထပ်အဆူထံရဦးမည်။ အိမ်တောင်မပြန်ခိုင်းတာဆိုတော့ တစ်ညလုံးများ စာထိုင်လုပ်ခိုင်းမလို့လား…။ ဒါမှမဟုတ် ရိုက်များရိုက်မလို့လား…။ 

တွေးကြည့်လေ ဝမ်းနည်းရလေ၊ ကြောက်လေမို့ ဆက်မတွေးတော့ဘဲ အစ်ကိုပြောခဲ့သလိုပင် လုပ်ရဲမှတော့ ခံရဲရမယ်ဆိုပြီး ကိုယ့်စိတ်ကိုယ်ပြန်တင်းကာ တဲလေးဆီသို့ ဝင်လာလိုက်သည်။ သို့သော် ဝင်လိုက်သည်နှင့် အခြားဆရာ၊ ဆရာမတွေနဲ့အတူ ပြုံးပြုံး ပြုံးပြုံးဖြင့် စကားပြောနေ‌သည့်အစ်ကို့ကို မြင်ပြီး ချွေးစတို့က နဖူးစပ်ဝယ် ကပ်ငြိလာကြသည်။ ပြီးမှ ဆရာနိုင်နဲ့ အခြားဆရာမတွေက စာအုပ်တွေ၊ ထမင်းချိုင့်တွေသိမ်းပြီး အလျှိုလျှို ပြန်သွားကြသည်။ ဒါတောင် အကုန်လုံးက ကောင်းစေမင်းကြီးကို ကျလိမ့်မယ်ထင်ကိုမထားတာ၊ ပေါ့ပျက်ပျက်နိုင်လိုက်တာ ဘာညာနဲ့ လမ်းကြုံဝင်ဆူသွားကြသေးသည်။

“အိမ်မှာလုပ်စရာရှိသေးလား”

“သား နောက်ဖေးကအပင်တွေ ရေလောင်းရဦးမှာ အစ်ကို။ နောက်ပြီး မနက်ကကျန်တဲ့ အာလူးချက်‌လေး ပြန်နွှေးရဦးမှာ”

“အဲ့ဆို ခဏပြန်ချင်ပြန်လေ။ ကိုယ် ဒီည report ရေးရဦးမှာ၊ နောက်ပြီး မင်းနဲ့လည်း ရှင်းစရာလေးတွေရှင်းဖို့ရှိသေးတော့ ကျောင်းမှာလာအိပ်မလို့။ အခု ငါးနာရီကျော်ပြီဆိုတော့ လုပ်စရာရှိတာပြန်လုပ်၊ ထမင်းစားပြီးမှ ပြန်လာခဲ့”

“အ…အစ်ကို ထမင်းပြန်မစားတော့ဘူးလားဟင်…။ သား ယူလာခဲ့ရမလား”

“မယူခဲ့နဲ့။ အဘွားတို့၊ ကိုထူးတို့နဲ့စကားပြောဖို့ ကိုယ်ရော ပြန်လာမှာ”

“ဗျာ…။ အိမ်…အိမ်ကို တိုင်မလို့လားဟင်။ မ မတိုင်ပါနဲ့နော်။ သား…သား စာမေးပွဲဘာလို့ကျတယ်ဆိုတာသိရင် ကို ကိုကြီးက ရိုက်လိမ့်မယ်”

ကိုယ့်ဘဝရဲ့ ရောင်ခြည်ဉီး Where stories live. Discover now