မနှစ်ရဲ့ဆယ်တန်းအောင်စာရင်းက ဖြေတဲ့ကျောင်းမှာပဲ စာရွက်နဲ့ကပ်ပြီး ရွာကျောင်းမှာတော့ သတင်းကြားပြီး နောက်မနက်မှသာ မိတ္တူကို လာကပ်ပေးခဲ့သည်။ ဒီနှစ်လည်း ထို့အတူပင် ထင်ပါ၏၊ ဆရာနိုင်က တစ်ရက်ကြိုသွားပြီး ယူဖို့ပြောခဲ့သည်။ သို့သော် အစ်ကိုက အောင်စာရင်းရရင် ယူလာပေးခဲ့မည်ဆိုသောကြောင့် ဆရာနိုင်က ရွာမှာတင်စောင့်နေခဲ့သည်။ 12 ထိုးရင်သိရပြီဖြစ်တဲ့အောင်စာရင်းတွေအကြောင်းတွေးမိတိုင်း အိပ်လို့ကမပျော်။ သူများတွေနဲ့အတူတူသိချင်ပေမယ့် ရွာရဲ့အင်တာနက်က မြို့ပေါ်လိုမကောင်းလှပါ။ လိုင်းဆွဲအားနည်းသည်ပြောရမည်ထင်သည်။ ထို့ကြောင့် မနက်ခင်း အစ်ကိုရောက်လာမည်ကိုသာ စောင့်နေခဲ့ရသည်။ ထိုညက ကောင်းကောင်းနှင့်အတူ ရှိုင်းထက်နှင့် ဟိန်းခန့်က လာအိပ်ခဲ့ကြသည်။ အိပ်မပျော်သည်မို့ ထလိုက်၊ စားလိုက်၊ စကားပြောလိုက်လုပ်နေပေမယ့် တကယ့်တကယ်မှာတော့ ဘာတစ်ခုမှ ကောင်းကောင်းမလုပ်နိုင်ခဲ့ကြ။ ခေါင်းထဲရှုပ်နေရသလောက် ရင်ထဲဗလာကျင်းနေပြီး အပေါ့သွားချင်သလိုလို အလေးသွားချင်သလိုလိုဖြစ်နေခဲ့ရသည်။
*ကျောင်းကိုစာရွက်ပေးပြီး ကောင်းကောင်းဆီတန်းလာတာ*
အစ်ကိုဆီကနေ ကြားခဲ့ရတဲ့စကားလေး။ နွေးထွေးမှုကို ဖော်ညွှန်းနေသည့် နူးညံ့တဲ့မျက်ဝန်းအိမ်ဖြင့် ဝမ်းပန်းတသာ ပြောလာခဲ့သည်။
*ကောင်းကောင်း... အောင်တယ်၊ bio မှာ ဂုဏ်ထူးတောင် ပါသေးတယ်*
ထိုစကားအောက် မယုံကြည်နိုင်တာရော ဝမ်းသာတာရောပေါင်းကာ စက္ကန့်အနည်းငယ်ရပ်တန့်နေမိပေမယ့် "ရက်စ်...!" ဆိုတဲ့ ဟစ်ကြွေးသံငယ်နဲ့အတူ အစ်ကို့ကို ပြေးဖက်ခဲ့မိသည်ပင်။ ပုံတွေကို မရဘူးဆိုပြီး ကြောက်ခဲ့ရတဲ့ bio မှာ အစ်ကိုနဲ့ နောင်တော်ကြိမ်လုံးတွေရဲ့ ကျေးဇူးတွေနဲ့ပေါင်းပြီး အမြီးပင်ပါလာခဲ့သည်။ ထို့ကြောင့် အသိစိတ်ပျောက်ခဲ့ရသည်။ သို့သော် အသိဝင်လာချိန်ဝယ် အစ်ကို့ကိုသိုင်းဖက်ထားသည့် လက်တစ်စုံကို လွှတ်လိုက်တော့ ပါးပြင်တို့ထက် ပူနွေးနွေး။
အနောက်ကနှစ်ကောင်က အဟင်း အဟမ်းတွေလုပ်ကြမှ ပိုရှက်လာတာမို့ ပါးစပ်ကို နားရွက်တက်ချိတ်သည်အထိသာ ပြုံးရယ်ပြခဲ့ရသည်။ အစ်ကို ကောင်းကောင်းကို ပြန်ထွေးပွေ့ပေးခဲ့သည်လား၊ မထွေးခဲ့သည်လားဆိုသည်ကိုပင် သတိမမူမိခဲ့ချေ။
YOU ARE READING
ကိုယ့်ဘဝရဲ့ ရောင်ခြည်ဉီး
Random"ပတ်ဝန်းကျင်က ဘယ်လိုတွေပဲ ကဲ့ရဲ့ရှုတ်ချနေပါစေ မင်းသာကိုယ့်အနားမှာ ရှိနေပေးမယ်ဆို ကိုယ်တစ်လောကလုံးနဲ့ အတိုက်အခံလုပ်ရဲတယ် ကောင်လေး"