13. 4am

171 14 4
                                    

**4am(မနက် ၄နာရီ)**

ကျွန်မ၏ ဝမ်းနည်းပူတွေးမှုတို့ ကျန်နေသေးပါသော်လည်း ကျွန်မထိန်းချုပ်နိုင်လာလေပြီ။ ထိုင်၍ဝမ်းနည်းပူဆွေးနေလျှင်ကျွန်မအတွက်ဘာမျှအကျိုးမရှိသကဲ့သို့ ကျွန်မအနားရှိလူတို့ကိုပါ နာကျင်စေပေလိမ့်မည်။

ကျွန်မကဲ့သို့ အဖေကကိုယ့်ကိုယ်ကိုယ်သတ်သေပြီး အမေက နှလုံးဖောက်ခြင်းကို မျက်မြင်တွေ့လိုက်ရမည့် ကျွန်မအရွယ်လူများသည် ကျွန်မကဲ့သို့ ခံနိုင်ရည်ရှိချင်မှ ရှိလိမ့်မည်။ ထိုသူများသည် ဝမ်းနည်းပူဆွေးမှုကြောင့် ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားနိုင်သည်။ သို့သော် ကျွန်မသည် သန်မာလွန်းနေခဲ့သည်။ ကျွန်မဝမ်းနည်းလာလျှင် ဝမ့်အားကြည့်ကာ အတတ်နိုင်ဆုံးကြိုးစား၍ပြုံးလိုက်သည်။ ဝမ့်အပြုံးသည် အနည်းငယ်လေးပင်ဆိုစေကာမူ ကျွန်မ၏ဝမ်းနည်းမှုတို့အား သက်သာစေသည်။ ကျွန်မ၏သူငယ်ချင်းမလေး၏ ကျွန်မအပေါ်လွှမ်းမိုးနိုင်မှုသည် ကြီးလှပေသည်။

"အို... ရှင်ဂစ်တာတီးနေတာလား"

ဝမ်သည် အိမ်အောက်ထပ်မှ ကျွန်မ၏ ဂစ်တာသံကိုကြားသဖြင့် အပေါ်ထပ်သို့အမြန်ပြေးတက်လာပြီးအိပ်ခန်းတံခါးကိုဖွင့်ကာ ပြုံးလျက်မေးလာလေသည်။ ဝမ်သည် ကျွန်မအားထိုကဲ့သို့အပြုံးချိုချိုလေးဖြင့် အမြဲပြုံးပြလေ့ရှိပြီး ထိုအပြုံးလေးသည် ဝမ့်ထံတွင် ထာဝရတည်ရှိနေမည်ဟုပင်ထင်ရသည်။

"ဟုတ်ရဲ့"

"ရှင်စိတ်အခြေအနေအဆင်ပြေပြီလား"

"မပြေသေးပါဘူး။ ဒါပေမယ့် ပိတ်ရက်မှာလုပ်စရာအိမ်စာလည်းမရှိတော့ တို့သီချင်းရေချင်စိတ်ပေါက်လာလို့"

"ကျွန်မအတွက်ရေးပေးမယ့်သီချင်းရော ပြီးပြီလား"

"တို့စာသားရေးနေတုန်းပဲ"

"ကျွန်မဘယ်ချိန်လောက် နားထောင်ရမလဲ"

"ရေးပြီးသွားတဲ့အခါကျရင်ပေါ့"
ကျွန်မ ဝမ့်အားပြောလိုက်ပြီး သံစဉ်လေးတစ်ခု တီးလိုက်သည်။ ထိုအခါဝမ်သည် ကျွန်မအား ရွှန်းလဲ့တောက်ပသော မျက်ဝန်းဖြင့်ကြည့်လာသဖြင့် ကျွန်မရှက်သွေးဖျာလာမိသည်။

အငယ်အနှောင်း (Affair)Onde histórias criam vida. Descubra agora