(3)

361 57 0
                                    

(3)

ချီကျွင့် သစ်ပင်ကြီးအောက်မှာ လူးလှိမ့်ရင်းနဲ့ ကျဆင်းလာတဲ့ ရွှေရောင်သစ်ရွက်ကို ကိုက်ခဲပြီး အိမ်ကြီးရဲ့ ဦးတည်ရာဘက်သို့ ဂရုတစိုက်ပြေးသွားလိုက်တယ်။ ကုယန်ကျန်းက ဒီနေရာမှာ အမြစ်တွယ်နေခဲ့တာဆိုတော့ သူ အိမ်ပိုင်ရှင်ကို သိနေလိမ့်မယ်။

ဒီကမ္ဘာဦးသစ်ပင်ကြီးက အလွန်ကြီးမားတာကြောင့် အနာဂတ်မှာ ရွှေ့ပြောင်းမယ်ဆိုရင် ကိစ္စကြီးတစ်ခုဖြစ်လာလိမ့်မယ်။ ဒါကြောင့် သူ အိမ်ဝယ်ဖို့ လိုအပ်လောက်တယ်။

ခြင်္သေ့လေး မိမိကိုယ်ကို ယုံကြည်မှုပြင်းထန်တဲ့ ခံစားချက်မျိုးကို ရနေခဲ့ပြီး သူ ကုယန်ကျန်းထက်အရင် လူအဖြစ်ပြောင်းလဲနိုင်လိမ့်မယ်လို့ ခံစားမိတယ်။

အိမ်ရဲ့ဘေးနားတစ်ဝိုက်ကို အကြိမ်ပေါင်းများစွာလှည့်ပတ်နေပြီးနောက် ခြံဝင်းက တိတ်ဆိတ်နေပြီး ဘယ်သူမှရှိမနေတာကိုတွေ့လိုက်ရတယ်။ သပ်ရပ်စွာစိုက်ပျိုးထားတဲ့ပန်းပင်တွေနှင့် သန့်ရှင်းတဲ့လူသွားလမ်းတွေက ဒီခြံဝန်းက လူမနေဘဲစွန့်ပစ်ထားတဲ့ခြံဝင်းမဟုတ်ကြောင်း ရှင်းရှင်းလင်းလင်းပြသနေခဲ့တယ်။

သူ  လှည့်ပတ်ရှာကြည့်ပေမဲ့ အိမ်ပိုင်ရှင်ကို မမြင်တွေ့ရတာကြောင့် ချီကျွင့်အနည်းငယ် စိတ်ပျက်သွားရတယ်။ သူ ထောင့်တစ်နေရာမှာ ထိုင်ချလိုက်ပြီး နားရွက်တွေကို လက်ဖဝါးနဲ့ပွတ်သပ်လိုက်တယ်။ သူ ပွတ်သတ်နေရင်းနဲ့ ရုတ်တရတ် အေးခဲသွားရပြီး ခြင်္သေ့ပါးစပ်လေးကိုဖွင့်ပြီး ငိုညည်းသံတွေထုတ်လွှတ်လိုက်မိကာ သူ့ရဲ့ပါးစပ်မှာကိုက်ခဲထားတဲ့  ရွှေရောင်သစ်ရွက်ကလည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့တယ်။

ချီကျွင့် လျှင်မြန်စွာနဲ့ အိမ်ထဲမှာရှိနေတဲ့ သတ္တုပစ္စည်းများကို ဆွဲထုတ်ကာ သူ့ရဲ့ခန္ဓာကိုယ်ဘေးမှာ ဝိုင်းရံထားလိုက်တယ်။ ထို့နောက် အလင်းရောင်တစ်ချက်တောက်ပလာခဲ့ပြီး မြေပြင်ပေါ်မှာရှိနေတဲ့ ခြင်္သေ့ငယ်လေးက ပျောက်ကွယ်သွားခဲ့တယ်။

ချက်ချင်းဆိုသလိုပဲ တစ်မီတာလောက်အမြင့်ရှိတဲ့ သတ္တုနံရံအတွင်းမှာ ဘာတစ်ခုမှမ၀တ်ထားတဲ့ အမျိုးသားတစ်ဦး ပေါ်လာခဲ့တယ်... သူ ပေါ်ထွက်လုနီးပါးပဲ။

ခြင်္သေ့လေးနှင့် သူ့ရဲ့ဗိုလ်ချုပ်Where stories live. Discover now