(7.2)

350 66 3
                                    

(7.2)

အချိန် အလွန်ကြာမြင့်သွားပြီးမှ ကမ္ဘာဦးသစ်ပင်ကြီးက ခြင်္သေ့လေးကို အိပ်ရာထဲသို့ မပို့ချင်ပို့ချင်နဲ့ သယ်ပို့ပေးခဲ့တယ်။  မြို့တော်မှာ ဆောင်းရာသီနှောင်းပိုင်းဖြစ်နေပြီး အပြင်ဘက်မှာဆိုရင် အလွန်အေးစက်လွန်းတယ်။ အပြင်မှာအိပ်ဖို့ မသင့်တော်ဘူး။

ကမ္ဘာဦးသစ်ပင်ကြီးက ခြင်္သေ့လေးကို အိပ်ရာကြီးပေါ်မှာ ချလိုက်ပြီး စောင်ကိုဆွဲယူကာ သူ့ရဲ့အပေါ်ကိုညင်သာစွာပဲ ခြုံပေးခဲ့တယ်။ စောင်ထဲမှာရှိနေခဲ့တဲ့ ခြင်္သေ့လေးကတော့ တစ်ဖက်သို့ပြန်လှည့်လာခဲ့ပြီး  သူ့ရဲ့လက်ထဲမှ ပုလင်းကြီးကိုဖယ်လိုက်ကာ သူ့ရဲ့လက်ဖဝါးလေးတွေနဲ့ ကမ္ဘာဦးသစ်ပင်ကြီးရဲ့ သစ်ကိုင်းတွေကိုဖက်လာခဲ့တယ်။

ဝေးကွာလှတဲ့ နဂါးငွေ့တန်းမှာရှိနေတဲ့ ဗိုလ်မှူးကြီးကတော့ သူ့ရဲ့ဘာမှမရှိတဲ့လက်ဖဝါးကိုကြည့်ရင်း ခြင်္သေ့ငယ်လေးရဲ့ နူးညံ့နွေးထွေးတဲ့အထိအတွေ့လေးကို ခံစားမိနေခဲ့တယ်။ သူ့ရဲ့အမြဲတမ်း အေးစက်နေတတ်တဲ့မျက်လုံးတွေကလည်း ဒီအခိုက်အတန့်မှာ အလွန်အမင်းကို နူးညံ့နေခဲ့တယ်။

ထို့နောက်မှာတော့ သူက သူ့ရဲ့သစ်သားနဲ့ကုသရေးစွမ်းရည်ကို စုစည်းလိုက်ပြီး အိပ်ရာပေါ်မှာ အိပ်နေတဲ့ခြင်္သေ့လေးဆီကို ပို့လွှတ်ပေးခဲ့တယ်။
  
ပြီးသွားချိန်မှာတော့ ကုယန်ကျန်းက သူ့ရဲ့ အသိစိတ်အများစုကို ကမ္ဘာဦးသစ်ပင်ကြီးဆီမှာ ပေါင်းစပ်လိုက်ပြီး သားရဲအင်ပါယာရှိအခြေအနေကို ဖြေရှင်းဖို့အတွက် အနည်းငယ်လောက်ကိုသာ ချန်ထားခဲ့တော့တယ်။

ထိုအခိုက်မှာပဲ သူ့ရဲ့စက်ရုပ်အိမ်တော်ထိန်းထံမှ နောက်ထပ်စာတစ်စောင်ကို လက်ခံလိုက်ရတယ်။

" ခြံနောက်ဖက်က ကမ္ဘာဦးသစ်ပင်ကြီးက ဒုတိယသခင်လေးကို ရစ်ပတ်နေပါတယ်! ကျေးဇူးပြုပြီး မြန်​မြန်ပြန်လာခဲ့ပါ!"

ကုယန်ကျန်း "..."

___

အမူးသမားခြင်္သေ့လေးကတော့ အိပ်မက်မက်နေတုန်းပဲ။ ပထမဆုံး သူက ကမ္ဘာဦးသစ်ပင်ကြီးကို အိပ်မက်မက်ခဲ့ပြီး ထို့နောက်မှာတော့ သူနဲ့မသက်ဆိုင်တဲ့တစ်စုံတစ်ယောက်ရဲ့အတွေ့အကြုံပေါင်းများစွာကို အိပ်မက်မက်ခဲ့တယ်။

ခြင်္သေ့လေးနှင့် သူ့ရဲ့ဗိုလ်ချုပ်Where stories live. Discover now