(6)

240 42 0
                                    

(6)

ချီကျွင့် သူလုပ်ထားတဲ့ သားရဲကတ်တစ်ချို့ကိုယူပြီး အရင်နေ့က သွားထားတဲ့ဆိုင်ဆီသို့ ဦးတည်သွားခဲ့တယ်။ တံခါးပေါက်နားမှာတော့ မနေ့တုန်း သူ သားရဲကတ်လုပ်နေခဲ့တာကို ကြည့်ရှုခဲ့တဲ့ လူရှိနေခဲ့တယ်။

တစ်ညနဲ့တစ်မနက် စစ်ဆေးမှုတွေ လုပ်ပြီးနောက်မှာတော့ ထိုလူက ချီကျွင့်ရဲ့သားရဲကတ်တွေတန်ဖိုးဟာ စက်ရုပ်သားရဲတိုင်းတာမှုစက်မှ ဖော်ပြထားတာထက်ပိုပြီး တန်ဖိုးမြင့်မားတယ်ဆိုတာကို သိရှိသွားခဲ့ပြီ။

လင်းကျစ်မူက အတော်လေးအရည်အချင်းရှိတဲ့ သားရဲကတ်ရေးထွင်းသူတစ်ယောက်ဖြစ်ခဲ့တယ်။ သူ့ရဲ့အသက်နှစ်ဆယ်ကျော်မှာ ကြယ်လေးပွင့် သားရဲရေးထွင်းသူဖြစ်နေခဲ့ပြီ။

သူ့ရဲ့အထူးပြုမှုကတော့ တိုက်ခိုက်မှုနဲ့ ကာကွယ်မှု သားရဲကတ်တွေအတွက် သားရဲပုံစံတွေကို ရေးထွင်းခြင်းပဲ။ အိမ်မွေးသားရဲစက်ရုပ်တွေကိုတော့ ရေးထွင်းခြင်းမရှိခဲ့ဘူး။

သူ့အနေနဲ့ ညီမဖြစ်သူကို လက်ဆောင်ပေးဖို့အတွက် အိမ်မွေးသားရေးကတ်ကို ဘယ်လိုရေးထွင်းရမလဲဆိုပြီး လေ့လာပြီး အချိန်ကို ဖြန်းတီးချင်စိတ်မရှိတဲ့အတွက် ဆိုင်ကနေတစ်ခုကိုပဲ ဝယ်ပေးလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါကြောင့်ပဲ မနေ့တုန်းက ဆိုင်ကို ရောက်လာခဲ့တာ။

ချီကျွင့်က သူ့ကိုယ်သူ ကြယ်ငါးပွင့် သားရဲရေးထွင်းသူလို့ ပြောလိုက်တုန်းက လင်းကျိမူ အထင်သေးခဲ့ပြီး တစ်ဖက်လူက ဆော့ကစားချင်နေတဲ့ ကလေးတစ်ယောက်ပဲလို့ တွေးတောခဲ့တယ်။

သူဟာ ဗီဒီယိုကောတစ်ခု လက်ခံဖို့အတွက် အပြင်သို့ထွက်ခဲ့ပြီး ပြန်လာတဲ့အချိန်မှာတော့ ထိုကောင်လေးက အဆင့်မြင့်သားရဲပုံစံနဲ့ ကြယ်ငါးပွင့်သားရဲကတ်ကိုရေးထွင်းခဲ့ကြောင်းကို သိရှိခဲ့ရတယ်။  ဒါကြောင့် သူ သူ့ရဲ့ညီမအတွက် ထိုကတ်ကို ဈေးကြီးပေးပြီး ဝယ်ယူခဲ့တယ်။

ကိုယ့်ကိုယ်ကို ယုံကြည်မှုပြင်းထန်လွန်းတဲ့  လင်းကျစ်မူက ဒီကတ်ဆီမှာကြယ်ငါးပွင့် သားရဲပုံစံရှိတယ်ဆိုတဲ့အကြောင်းကို အလွယ်တကူမယုံကြည်ခဲ့ဘူး။

ခြင်္သေ့လေးနှင့် သူ့ရဲ့ဗိုလ်ချုပ်Where stories live. Discover now