(4.1)

153 35 0
                                    

(4.1)

ချီကျွင့်က ရာနဲ့ချီတဲ့သားရဲကတ်များစွာကို ဖတ်ကြည့်ခဲ့ပြီး စတိုးဆိုင်ထဲမှာရှိတဲ့ ဈေးဝယ်လမ်းညွှန်ဝန်ထမ်းများစွာရဲ့မျက်လုံးထဲမှာ ထူးဆန်းတဲ့ဝယ်သူတစ်ယောက် ဖြစ်လာခဲ့တယ်။

ဒီစတိုးဆိုင်စဖွင့်ကတည်းက ဒီလိုမျိုးသားရဲကတ်တွေကို အစကနေအဆုံးထိ နာရီပေါင်းများစွာကြာအောင် စူးစမ်းတဲ့ ဝယ်သူတစ်ယောက်မှ မရှိခဲ့ဖူးဘူးလေ။ ဝယ်သူတွေ စိတ်အဝင်စားဆုံးဖြစ်ခဲ့တဲ့ သားရဲကတ်အမျိုးအစားနဲ့ သရုပ်ပြဧရိယာဘေးမှာ ထိန်းချုပ်ရေးအကွက် ရှိနေခဲ့တယ်။ ထိုအရာက သားရဲကတ်အမျိုးအစားတွေကို ကြည့်ဖို့ အဆင်ပြေတယ်။

ချီကျွင့်ကတော့ သူ့ဘေးကလူတွေရဲ့ အကြည့်တွေကို ဂရုမစိုက်ခဲ့လေဘူး။

အခြေစိုက်ဌာန(A)မှာ ရှိနေခဲ့တဲ့အတောအတွင်းမှာ သူက ဇွန်ဘီတွေကိုသတ်ပြီးနောက်မှာ ပိုပြီးရဲရင့်လာခဲ့သလို ကုယန်ကျန်းထက်လည်း ပိုပြီးနာမည်ကြီးလာခဲ့တယ်။

ထိုကာလမှာ သူ တာဝန်တွေကို အောင်မြင်ခဲ့တဲ့အချိန်တွေမှာ လူတွေရဲ့အကြည့်ကိုဖမ်းစားနိုင်ခဲ့ပြီး သူ့အပေါ် စူးစိုက်ကြည့်လာတဲ့ လူတွေရဲ့အကြည့်တွေက သူ့အတွက်တော့ ဖိအားတွေမဖြစ်စေခဲ့တော့ဘူး။

ချီကျွင့် သမ်းဝေလိုက်ရင်း သူ့ရဲ့ပင်ပန်းနေနွမ်းနယ်နေတဲ့ မျက်လုံးတွေကို ပွတ်သပ်လိုက်ပြီး ကောင်တာဆီသို့ ခြေလှမ်းအနည်းငယ်လှမ်းသွားခဲ့တယ်။

ဈေးအရောင်းဝမ်ထမ်းကတော့ တစ်ဖက်လူက အချိန်ကြာကြီးရှာဖွေပြီးတဲ့နောက်မှာ နောက်ဆုံးတော့ သူ သေချာပေါက်သဘောကျတဲ့သားရဲကတ်တစ်ကတ်ကို ရှာဖွေလိုက်နိုင်ပြီလု့ ထင်ခဲ့တယ်။ သို့ပေမယ့် ထိုအချိန်မှာပဲ တစ်ဖက်လူမေးတာကို ကြားလိုက်ရလေတယ်။

" တဆိတ်လောက်ပါ.. မင်းတို့ရဲ့ဆိုင်မှာ အချိန်ပိုင်းအလုပ်သမားဖြစ်ဖြစ် ယာယီအလုပ်သမားဖြစ်ဖြစ် လိုအပ်လား "

"..."

အချိန်ပိုင်းအလုပ်သမား? ယာယီအလုပ်သမား?

ချီကျွင့်က အရောင်းဝန်ထမ်းရဲ့မျက်နှာကို ကြည့်လိုက်ပြီး သူ့လက်ချောင်းကို သရုပ်ပြဧရိယာဆီညွှန်ပြလိုက်တယ်။

ခြင်္သေ့လေးနှင့် သူ့ရဲ့ဗိုလ်ချုပ်Where stories live. Discover now