(9)

320 64 2
                                    

(9)

ချီကျွင့် သူ့ရဲ့ လက်ဖဝါးကို မြှောက်လိုက်ပေမယ့် ကမ္ဘာဦးပျိုးပင်လေးကတော့ ကြောက်လန့်မနေခဲ့ဘူး။ သူ့ရဲ့ လက်ဖဝါး ရွေ့လျားလာတာနှင့်လိုက်ပြီး အပင်ပေါက်လေးရဲ့အမြစ်တွေကလည်း သစ်ရွက်လေးနှစ်ရွက်ကိုသယ်ရင်း လိုက်ပါ လှုပ်ရှားနေခဲ့တယ်။

ထို့နောက် အရွက်လေးတွေက ချီကျွင့်ရဲ့ လက်ဖဝါးကို တွယ်ကပ်ကာ ရွှင်မြူးစွာဆော့ကစားတော့တယ်။

ခြင်္သေ့လေးက အသက်ပြင်းပြင်းရှူလိုက်တယ်။

“စက်ရုပ်အိုကြီး! စက်ရုပ်အိုကြီး!"

စက်ရုပ်အိမ်တော်ထိန်းက တာဝန်ကျေပွန်စွာနဲ့ ပြေးလာခဲ့တယ်။

"ရောက်ပါပြီ  သခင်လေး!"

ချီကျွင့် သူ့ရဲ့ လက်ဖဝါးကို ပြန်ဆုတ်လိုက်တယ်။

"ပန်းအိုးတစ်လုံးရှာပြီး  မြေလွှာဖြည့်လိုက် .. ပြီးရင် ဒါလေးကိုစိုက်ရအောင်"

စက်ရုပ်အိုကြီးက ကမ္ဘာဦးပျိုးပင်လေးကို ကောက်ယူလိုက်တယ်။ သို့သော်လည်း ကမ္ဘာဦးပျိုးပင်ငယ်လေးက ငြင်းဆန်နေခဲ့လေတယ်။

သူ့ရဲ့ အမြစ်လေးတွေက စက်ရုပ်အိုကြီးဆီကိုရောက်နေပြီဖြစ်ပေမဲ့ သွယ်လျတဲ့ အကိုင်းအခက်လေးကို ဆန့်ထုတ်ရင်း  ခြင်္သေ့ရဲ့ခြေသည်းလေးတွေကို ကြိုးလိုမျိုးချည်နှောင်ထားက်ပြီး ခြင်္သေ့လေးရဲ့ ဘေးကနေ ထွက်ခွာသွားလိုစိတ်မရှိကြောင်း ပြသနေခဲ့တယ်။

ခြင်္သေ့လေးက သူ့ရဲ့အရှေ့မှ ကမ္ဘာဦးပျိုးပင်လေးကိုကြည့်ကာ ခြံအပြင်ဘက်မှ တောင့်တင်းပြီး(?) အမူအရာကိုဖော်ပြနေတဲ့ ကမ္ဘာဦးသစ်ဘင်ကြီးကို နောက်တစ်ဖန်ပြန်ကြည့်လိုက်တယ်။

သူ ဒီအကြောင်းကို ပြန်လည်တွေးတောလိုက်မိတယ်။ ကုယန်ကျန်းက ဒါကို သူ့ရဲ့သစ်ပင်အဆင့်မှာ ရောက်နေတုန်းက ပြုလုပ်ခဲ့မိတာဖြစ်ကောင်းဖြစ်နိုင်တယ်...

လွန်ခဲ့တဲ့ ခုနှစ်နှစ်အတွင်းမှာ ဒီနှစ်တစ်ရာကျော်သက်တမ်းရှိတဲ့ ကမ္ဘာဦးသစ်ပင်ကြီး ကုယန်ကျန်းရဲ့ ပန်းတွေပွင့်နေတဲ့မြင်ကွင်းကို တစ်ခါမှ မမြင်တွေ့ခဲ့ဘူး။ သူက သူ့ရဲ့ ဝတ်မှုန်တွေ မကွဲသွားစေဖို့အတွက် အလွန်အမင်းကြိုးစားပြီး တောင့်ခံခဲ့တယ်။

ခြင်္သေ့လေးနှင့် သူ့ရဲ့ဗိုလ်ချုပ်Where stories live. Discover now