(5)
ထိုအချိန် ဝေးကွာတဲ့နဂါးငွေ့တန်းမှာရှိနေတဲ့ ဗိုလ်မှူးကြီးယန်က သားရဲလူသားအင်ပါယာရဲ့ သံတမန်တွေနဲ့ ပထမဆုံးအကြိမ်အဖြစ် ရင်းနှီးကျွမ်းဝင်စွာစကားပြောနေခဲ့တယ်။ နောက်ဆုံးမှာတော့ သူတို့တွေ ပထမဆုံးအစည်းအဝေးကို သားရဲလူသားအင်ပါယာမှာရှိတဲ့ ဂြိုလ်တစ်ခုပေါ်မှာ လုပ်ဖို့အတွက် သဘောတူခဲ့တယ်။
သံတမန်ရေးရာဆက်ဆံရေး ထူထောင်မှုက အလွန်ကိုမှချောမွေ့ခဲ့ပြီး ထိန်းချုပ်ခန်းထဲမှ ဝန်ထမ်းများစွာကို စိတ်သက်သာရာ ရစေခဲ့တယ်။ သူတို့ဘက်မှအရာရှိ(ဗိုလ်ချုပ်ကြီး)က သံတမန်ရေးရာဆက်ဆံရေးရဲ့အရေးပါမှုကို အလေးထားပုံရတယ်။ ဒါကြောင့်လည်း သူတို့ဘက်မှလူတွေက ဒီကိစ္စကို အလေးအနက်ဆောင်ရွက်ခဲ့ကြတယ်။
သို့ပေမယ့် သူတို့တွေက ဗိုလ်ချုပ်ကြီး ရုတ်တရက် မျက်မှောင်ကြုပ်လိုက်တာကို တွေ့ရမယ်လို့ သူတို့မထင်မိခဲ့ကြဘူး။ တကယ်တမ်းမှာ သူတို့ဗိုလ်ချုပ်ကြီးရဲ့မျက်နှာက ဘာအမူအရာမှမရှိတတ်ဘဲ အမြဲတမ်းအေးစက်နေတတ်တယ်။
ဒါပေမဲ့လည်း သူတို့တွေ သူတို့ရဲ့ဘော့စ်နဲ့ အချိန်အတော်ကြာအတူရှိခဲ့ဖူးတာကြောင့် သူတို့ဆီမှာ သေးငယ်တဲ့အမူအရာလေးတွေကအစ ဂရုပြုတတ်တဲ့စွမ်းရည်တွေ ရှိနေပြီလေ။ ဒါကြောင့် သူတို့ရဲ့ဘော့စ် မျက်မှောင်ကြုပ်လိုက်တာက လူတိုင်းကို သတိရှိသွားစေခဲ့တယ်။ မတိုင်ခင်တုန်းက ဖုန်းခေါ်ဆိုမှုကတော့ သာမန်ဖုန်းခေါ်ဆိုမှုတစ်ခုဖြစ်ခဲ့တာ သေချာပါတယ်...
သားရဲအင်ပါယာနဲ့ပတ်သက်ပြီး သူတို့သိခဲ့တာကို အကဲဖြတ်ရရင် နည်းပညာတိုးတက်မှုက သူတို့နဲ့တန်းတူနီးပါးရှိနေတယ်။ ပဋိပက္ခတွေတစ်ခုခုရှိလာခဲ့မယ်ဆိုရင် အကူအညီရယူဖို့အတွက် နဂါးငွေ့တန်းတွေများစွာကို ဖြတ်သန်းပြီးလာရမှာဖြစ်တဲ့အတွက် အဆင်ပြေမှာမဟုတ်ဘူး။
ဒါကြောင့် ဗိုလ်ချုပ်ကြီးနဲ့အတူလိုက်ပါလာခဲ့ကြတဲ့ များစွာသော ဝန်ထမ်းများက သူတို့ရဲ့ဗိုလ်ချုပ်ကြီး တစ်စုံတစ်ခုကိုအမိန်းပေးလမ်းညွှန်ချက် ထုတ်ပြန်မှာကို တိတ်ဆိတ်စွာဖြင့် စောင့်ဆိုင်းနေခဲ့ကြတယ်။
YOU ARE READING
ခြင်္သေ့လေးနှင့် သူ့ရဲ့ဗိုလ်ချုပ်
Romance_animalcharacteristics _caring protagonist _childhood friends _early romance _military _non-humanoid _outerspace _smartcouple _transmigration