(4.2)

297 58 0
                                    

(4.2)

သို့ပေမယ့် ချီကျွင့်ကတော့ သူတို့ရဲ့ လှောင်ပြောင်ရယ်မောမှုတွေကို စိတ်ထဲသိာ့ ထည့်မနေပဲ နောက်တစ်ကတ်ကို လှမ်းယူလိုက်တယ်။ ထိုကတ်ကလည်း ထပ်မံပျက်စီးသွားခဲ့ပြီး ​လှောင်ပြောင်သံတွေက နောက်တစ်ကြိမ် ပေါ်ထွက်လာခဲ့ပြန်တယ်။

ချီကျွင့်က မျက်တောင်တစ်ချက်ခတ်လိုက်ပြီး နောက်ဆုံးကတ်ကိုယူလိုက်တယ်။ ဒီတစ်ခေါက်မှာတော့ သူ့လက်ထဲက ကလောင်တံကို ဖြည်းဖြည်းချင်းပဲ လှုပ်ရှားခဲ့တယ်။

ရေးခြစ်တဲ့နည်းလမ်းက အကြမ်းထည်ဆန်တယ်ဆိုပေမဲ့ ပုံစံကောက်ကြောင်းတွေကိုရေးဆွဲသွားချိန်မှာတော့ အံ့ဩစရာကောင်းလောက်အောင်ကို နူးညံ့ ညင်သာတယ်။

သူက သတ္တုစပ်ကတ်ကို ဖြည်းဖြည်းချင်း  ထိုးထွင်းဝင်ရောက်ရင်းနဲ့ သူ့စိတ်စွမ်းအင်ကိုပါ ဖြည်းညင်းစွာ ထည့်သွင်းလိုက်တယ်။ ထို့နောက်တိကျတဲ့မျဥ်းအတိုင်း လိုက်ပါရေးခြစ်ရင်းနဲ့ စိတ်စွမ်းအင် ပိုးခြည်မျှင်လေးက သတ္တုစပ်ကတ်နဲ့ ပေါင်းစပ်သွားခဲ့တယ်။

နောက်ဆုံးလမ်းကြောင်းပြီးစီးသွားချိန်မှာတော့ ချီကျွင့် ကျေနပ်မှုအပြည့်နဲ့ သားရဲရေးထွင်းတဲ့ကလောင်တံကို ချလိုက်တယ်။ အလွန်အမင်းအဖိုးထိုက်တန်ဟန်ရပြီး လှပနေတဲ့ သားရဲကတ်လေးက ပြည့်စုံစွာ ပြီးစီးသွားခဲ့ပြီ။

စတိုးဆိုင်ထဲမှာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီး  ဘေးနားမှကြည့်နေတဲ့လူတစ်ယောက် ထအော်လာတဲ့အချိန်ကျမှသာ အသိစိတ်ပြန်ဝင်လာကြတယ်။

"အဲဒါကို  ဖွင့်ပြပေးပါဦး! "

ချီကျွင့်က ကတ်ကို နူးညံ့စွာခါလိုက်ပြီး သူ့လက်ကိုမြှောက်ကာ သားရဲကတ်ကိုသရုပ်ပြဧရိယာထဲသို့ ထည့်သွင်းလိုက်တယ်။ အသက်သွင်းခံလိုက်ရတဲ့ သတ္တုစပ်ကတ်က ရေတွေစီးဆင်းသွားသလိုမျိုး ချက်ချင်းပဲ ပြန့်ကြဲသွားခဲ့တယ်။ ထိုအမှုန်အမွှားတွေ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားတာနဲ့ ကြီးမားတဲ့သတ္တုစပ်ဖြူကောင်ကြီး ပေါ်လာခဲ့လဆတယ်။

ဖြူကောင်ရဲ့ကျောရိုးတွေကို သတ္တုဆူးချွန်တွေနဲ့ ကာရံထားတယ်။ သူ့ရဲ့ခြေတံတိုလေးတွေက လျင်မြန်စွာလှုပ်ရှားရင်း မျက်လုံးသေးသေးလေးတွေက ဘေးပတ်လည်ကို ကြည့်ပြီး ပိတ်ထားတဲ့ဧရိယာထဲကို တိုးဝင်သွားခဲ့တယ်။

ခြင်္သေ့လေးနှင့် သူ့ရဲ့ဗိုလ်ချုပ်Where stories live. Discover now