(11.1)အဆုံးမှာတော့ ကမ္ဘာဦးသစ်ပင်ကြီးရဲ့သစ်ကိုင်းထူထူတွေက မာကြောနေတုန်းပဲ။
သူက အလွန်သေးငယ်ပြီး နူးညံ့ပျော့ပြောင်းတဲ့ သစ်ကိုင်းတွေကိုသာ ဆန့်ထုတ်လိုက်လိုက်ကာ ခြင်္သေ့လေးအား ဂရုတစိုက် ဝန်းရံလိုက်ပြီး ခြင်္သေ့လေးရဲ့ရင်ဘတ်ဆီကို မိုးရွာသွန်းမှုမှ ကာကွယ်ပေးနေသယောင် ဖုံးကွယ်တို့ထိလာခဲ့တယ်။
ချီကျွင့်က သူ့ရဲ့လက်ဖဝါးတွေဆီကို ထိတွေ့လာတဲ့ ကမ္ဘာဦးသစ်ကိုင်းတွေကို ဆုတ်ကိုင်လိုက်ပြီး ထိုသစ်ကိုင်းတွေကို ဆုတ်ကိုင်ကာအပေါ်ကို တက်လိုက်တယ်။
ထို့နောက် သူရဲ့ နောက်ခြေထောက်တွေနှင့် ထိုင်လိုက်ပြီး ကမ္ဘာဦးသစ်ကိုင်းတွေကို မြင်းတစ်ကောင်ကဲ့သို့ စီးနှင်းလိုက်လေတယ်။
မကြာခင်မှာပဲ ကမ္ဘာဦးသစ်ကိုင်းတွေအားလုံးက ရေလှိုင်းတွေလိုမျိုး အခန်းထဲမှ ဆုတ်ခွာလာခဲ့ကြပြီး နေရာတစ်ခုလုံးမှာ ရှုပ်ထွေးမှုတွေကိုသာ ချန်ထားခဲ့တယ်။
စက်ရုပ်အိုကြီးကတော့ ဖျက်စီးခံလိုက်ရတဲ့ ဆိုဖာနှင့် ဝရံတာကို စိုက်ကြည့်လိုက်မိတယ်။
ဒီအချိန်ခဏလောက်အတွင်းမှာ အိမ်နောက်ဘက်မှာရှိတဲ့ ကမ္ဘာဦးသစ်ပင်ကြီးက ခြင်္သေ့လေးကို လိုက်ရှုပ်ခဲ့တာလား ဒါမှမဟုတ် ခြင်္သေ့လေးက ကမ္ဘာဦးသစ်ပင်ကြီးကို လိုက်ရှုပ်တာလားဆိုတာ သူမသဲကွဲတော့ဘူး။
သို့ပေမဲ့ ဒါတွေက သူ့ရဲ့ပရိုဂရမ်ထဲမှာ ထည့်သွင်းထားတဲ့အထဲမှာ မပါဝင်ခဲ့ဘူး။ သူ့ရဲ့ ပရိုဂရမ်ဆက်တင်အရ ခြင်္သေ့လေးကိုပဲဖြစ်စေ၊ အိမ်နောက်ဖေးမှာရှိတဲ့ ကမ္ဘာဦးသစ်ပင်ကြီးကိုဖြစ်စေ မတိုက်ခိုက်ဖို့ကိုသာ ရှင်းရှင်းလင်းလင်း ညွှန်ကြားထားတယ်။ ဒါကြောင့် သူလုပ်နိုင်တဲ့အားလုံးကတော့...
“ဗိုလ်ချုပ်ကြီး ဒုတိယသခင်လေး အဝေးကို ထွက်ပြေးဖို့ လုပ်နေပါတယ်!”
စက်ရုပ်အိုကြီးက ခြင်္သေ့လေး ကမ္ဘာဦးသစ်ကိုင်းကြီးတွေကို စီးနေတဲ့ သုံးဖက်မြင် ဗီဒီယိုအား ဗိုလ်ချုပ်ကြီးဆီ သို့ ပို့ပေးလိုက်တယ်။
YOU ARE READING
ခြင်္သေ့လေးနှင့် သူ့ရဲ့ဗိုလ်ချုပ်
Romance_animalcharacteristics _caring protagonist _childhood friends _early romance _military _non-humanoid _outerspace _smartcouple _transmigration