(10)

291 64 2
                                    

(10)

သူ့ရဲ့စွမ်းရည်ပြန်လည်ကောင်းမွန်လာပြီးနောက် ချီကျွင့် စတိုးဆိုင်မန်နေဂျာပေးလိုက်တဲ့ ကတ်အလွတ်တွေကို ထုတ်ယူလိုက်တယ်။

သို့သော်လည်း သူ့အနေနဲ့ ခြင်္သေ့အခြေအနေမှာရှိနေဆဲဖြစ်ပြီး ဘယ်အချိန်မှာ ပြန်ပြောင်းမလဲဆိုတာကို မသေချာဘူး။

သူက ကိုယ်ပွားလေးရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်ထားတာလေ။ အခုလို မီးတောက်လွယ်ပြီး ၊ ပေါက်ကွဲလွယ်တဲ့ ခြင်္သေ့က အလွယ်တကူစိတ်ဓာတ်ကျနိုင်ပြီး ဒါတွေက သားရဲဘိုးဘွားဗီဇရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ဆိုတာကိုလည်း သူသိထားတယ်။

သို့ပေမဲ့ သိရုံပဲသိတာတာက အသုံးမဝင်ဘူ။ ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို သူ မသိဘူးလေ။

ချီကျွင့် သားရဲထွင်းတဲ့ကတ်အလွတ်တွေကို သူ့ရဲ့သားရဲမျက်လုံးတွေနှင့်သာ စိုက်ကြည့်နေနိုင်ခဲ့ပြီး အခြားနည်းလမ်းများကို တွေးတောနေခဲ့တယ်။

သူ့ရဲ့ ခြင်္သေ့လက်ဖဝါးနှစ်ဖက်ကတော့ သားရဲထွင်းစုတ်တံကို ကိုင်နိုင်လိမ့်မယ်လို့ သူ မမျှော်လင့်နိုင်ဘူး။  ကိုင်နိုင်ခဲ့မယ်ဆိုရင်တောင်  သေးငယ်တဲ့လိုင်းတွေကို ကတ်ပေါ်မှာ ထွင်းထုဖို့ဆိုတာက ကောင်းကောင်းထွက်လာနိုင်ဖို့ဆိုတာ ပုံဖော်ကြည့်လို့တောင်မရနိုင်ဘူး။

ချီကျွင့် သူ့မိသားစုရဲ့ ကမ္ဘာဦးသစ်ပင်ကြီးကို ရုတ်တရက် မနာလိုဖြစ်လာမိတယ်။  အပင်အိုကြီးက  မာကျောခြင်းကိုရော ပျော့ပျောင်းခြင်းကိုပါ လုပ်နိုင်သလို ၊ ထူထဲတာကိုရော ပါးလွှာတာကိုပါလုပ်နိုင်တယ်။  နောက်ပြီးမြင့်မားတဲ့ သန်မာမှုနှင့် ကြမ်းတမ်းတဲ့အရာတွေကိုရော နူးညံ့တဲ့အရာတွေကိုပါ လုပ်နိုင်သေးတယ်။

အမှန်ပဲ ။ ကမ္ဘာဦးသစ်ပင်ကြီးရဲ့ အရွယ်အစားသည်လည်း အတူတူပဲ။ ဒါမှမဟုတ် ..... ကိစ္စတွေအားလုံးက... ပိုပြီးစိတ်ဝင်စားစရာကောင်းအောင်လုပ်နိုင်တယ်။

ခြင်္သေ့လေးက နှာမှုတ်ပြီး သူ့ရဲ့လက်ဖဝါလေးနဲ့ ခေါင်းကို အသာပုတ်လိုက်တယ်။

ခြင်္သေ့လေးနှင့် သူ့ရဲ့ဗိုလ်ချုပ်Where stories live. Discover now