စာရေးသူ မှတ်စု

192 17 0
                                    

" ငါပြောပြချင်တဲ့ တစ်ခန်းရပ် " ဆိုတာက နှစ်နှစ်လောက်ကြာအောင် စာလုံးဝမရေးတော့ဘူးလို့ဆုံးဖြတ်ခဲ့ဖူးတဲ့နောက်ပိုင်းမှာ ယောန်ကယူကြောင့် စာပြန်ရေးချင်လာတဲ့အချိန် Facebook မှာ Album နဲ့ စရေးဖြစ်ခဲ့တဲ့ ယောန်ကယူအတွက် စာတိုတွေပါပဲ။

9th May 2021 မှာ စရေးဖြစ်ခဲ့ပြီး တစ်ချို့ ရီဒါတွေက လေဇီဘီးကို အဲ့ဒီ တစ်ခန်းရပ်တွေနဲ့ စသိခဲ့တာမျိုးလည်းရှိမှာပါ။ တကယ်တော့ ဒီတစ်ခန်းရပ်ဆိုတာက One-Shot လည်းမဟုတ်တဲ့ တစ်ကွက်စာ၊ တစ်မျက်နှာစာပဲရှိတဲ့ ဇာတ်ကွက်အတိုလေးတွေပါပဲ။ လေဇီဘီး ရေးချင်သမျှကို ချရေးထားတဲ့ စာစုတိုတွေဆိုလည်းဟုတ်တယ်။ စာရေးလေ့ကျင့်ချင်ရင် ကောက်ရေးဖြစ်တဲ့စာတွေလည်းဟုတ်တယ်။ စကားလုံးအလှတွေစိတ်ကူးရတိုင်း ပုံဖော်ဖြစ်တဲ့အကြောင်းအရာမှတ်စုတွေဆိုလည်းဟုတ်တယ်။

Wattpad ဘာလို့မတင်ဖြစ်တာလဲက ထွေထူးတော့မဟုတ်ပါဘူး။ ကော်ပီပေ့စ်ချရမှာ ပျင်းနေတာကအဓိကပါ :3။

ဒါပေသည့် Facebook အကောင့်ဆိုတာကို ဖျက်ချင်သလို ဖျက်နေတဲ့ လေဇီဘီးရဲ့ မတည်မငြိမ်စိတ်ကြောင့် Album လိုက်ကြီးပါသွားရင် ပြန်ဆယ်စရာ ဘာမှမရှိပါဘူး။ ရေးရင်လည်း Facebook မှာ တန်းပြီး လက်တန်းကောက်ရေး Post တင်ပစ်တဲ့အမျိုးဆိုတော့ Note ထဲမှာ Draft သိမ်းထားတာလည်းရှိမနေပါဘူး။ အဲ့တာကြောင့် ဒီမှာလည်း သိမ်းထားရအောင်၊ မဖတ်ဖူးသေးတဲ့သူတွေလည်း ဖတ်ရအောင် ပြန်တင်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

တစ်ခန်းရပ် Album က ကိုယ့်အတွက် ယုယုယယ သိမ်းထားမိတဲ့ ဒိုင်ယာရီစာအုပ်လိုမျိုးနဲ့တူပါတယ်။
တစ်ခန်းရပ်ကစာတွေနဲ့ ထပ်တူညီတဲ့ ယောန်ကယူမိုးမန့်တွေရခဲ့ဖူးတာမျိူးလည်းရှိတယ်။ တိုက်ဆိုင်တာထက်လွန်တဲ့ အမှတ်တရလေးတွေလည်းရှိဖူးတယ်။ ကိုယ့်ဘေးမှာလက်ရှိရှိပေးကြတဲ့ သူငယ်ချင်းတွေနဲ့ ဆုံဖြစ်စေခဲ့တဲ့ Album ဆိုလည်းဟုတ်တယ်။ ပြန်ကြည့်တိုင်းမှာ ရေးချထားမိတဲ့စာတစ်လုံးစီတိုင်းက ကိုယ့်ရဲ့ မှတ်ဉာဏ်တွေကို သိမ်းထားပေးသလိုပါပဲ။

အဆုံးသတ်ရရင်တော့ စိတ်ရဲ့ အဆုံးမရှိတဲ့ အိပ်မက်ယောင်တွေမှာ လမ်းလျှောက်မိတိုင်း ဖမ်းဆုပ်ခဲ့တဲ့ အပြာရောင်ခြယ်တဲ့ အနီရောင် ခြည်ကြိုးငယ်တွေအကြောင်းပါပဲ။

သဘောကျပေးမယ်လို့ မျှော်လင့်မိပါတယ်။ ထင်မြင်ချက်လေးတွေ ရေးသွားရင်တော့ ပျော်ရွှင်စရာဖြစ်ရမှာပါပဲ။

ချစ်တဲ့

ပင်လယ်ကမ်းခြေဘေးက ငပျင်းပျား


ငါပြောပြချင်တဲ့ တစ်ခန်းရပ် |yeongyu shorts collection|Where stories live. Discover now