( 4 ) U

2.3K 204 28
                                    


အတိတ်ကနေ့ရက်များဆီသို့.....

တရစပ်မြည်နေသည့် နိုးစက်သံကြောင့် စစ်သု့ရှင် နိုးလာခြင်းဖြစ်ရာ ဘေးကိုကြည့်လိုက်တော့ အချစ်ညမှာ နားကိုလက်နှစ်ဖက်နှင့်ပိတ်လျက် ပြန်အိပ်နေခြင်းဖြစ်သည်။ တစ်ဖက်ဘေးတွင်တော့ သတ္တိလျှံ နှင့် ခွန်ခေးမှာ ဖက်အိပ်နေကြဖြစ်ရာ စစ်သု့ရှင် အမြင်ကပ်ကပ်နှင့် ခေါင်းအုံးကိုဆွဲယူကာ ထုရိုက်ပစ်လိုက်သည်။

" ထကြတော့! ပူပါတယ်ဆို.. အချိန်ပြည့်ပူးကပ်နေတော့တာပဲ "

" ချစ်တာကိုကွ! "

သတ္တိလျှံကထိုသို့ဆိုကာ အိပ်ချင်မူးတူးနှင့်ထထိုင်လာသည်။ စစ်သု့ရှင်တို့သူငယ်ချင်းလေးယောက်မှာ သူငယ်တန်းမှပင်စတင်ခင်မင်လာခဲ့ခြင်းဖြစ်ရာ တက္ကသိုလ်ပထမနှစ်အရောက်တွင်တော့ သတ္တိလျှံ နှင့် ခွန်ခေးမှာအဆင့်တက်ကာ တွဲခဲ့ကြခြင်းဖြစ်သည်။

ယနေ့က စစ်သု့ရှင်၏ အသက်ဆယ့်ကိုးနှစ်ပြည့်မွေးနေ့ဖြစ်သောကြောင့် သူငယ်ချင်းများက ညကတည်းက လာအိပ်ကြခြင်းဖြစ်သည်။ ရန်ကုန်မြို့၏ ရာသီဥတုကပူအိုက်လျက်ရှိသလို စစ်သု့ရှင်၏အိမ်မှာ ပျဉ်ထောင်အိမ်လေးဖြစ်လျက် Aircon ဟူ၍မရှိပေ...

သို့ဖြစ်၍ လေးယောက်အတူစုအိပ်ကြခြင်း၌ ပိုတိုးလို့ပင်ပူသလိုခံစားရကာ အချစ်ညဆိုလျှင်ချွေးတို့ပင်စိုရွှဲနေပြီဖြစ်သည်။ မနက်အစောထကာ ဘုန်းကြီးကျောင်းသွားရန်စီစဉ်ထားခြင်းဖြစ်ရာ မနက်ငါးနာရီသာရှိသေးသော်ငြား စစ်သု့ရှင်၏အိမ်ခြံဝင်းထဲ၌ ဆူညံနေပြီဖြစ်သည်။

အိမ်ဘေးရှိ ကျောက်စည်ကြီးအနားတွင်သာ ရေချိုးရခြင်းဖြစ်ရာ လေးယောက်ပေါင်းလောင်းကျော်ကာ ခွက်ထိုးခွက်လန်အော်ရယ်ရင်း မနက်ခင်းအချိန်ကို အစပြုခဲ့ကြခြင်းဖြစ်သည်။

ထို့‌နောက်ဘုန်းကြီးကျောင်းသို့ဆွမ်းချိုင့်ပို့ကာ ဘုန်းကြီးကျောင်းအတွင်း သန့်ရှင်းရေးလုပ်၍ ကုသိုလ်ယူခဲ့ကြသည်။ ညနေပိုင်းတွင်တော့ ခြံထဲ၌ သောက်စားကြရန်စီစဉ်ထားခြင်းဖြစ်ရာ အချစ်ညက ဈာန်မင်းနောင် ကိုလှမ်းခေါ်သည်။

Sharman [ Ongoing ]Where stories live. Discover now