( 7 ) U

10.6K 464 66
                                    


အတိတ်ကနေ့ရက်များဆီသို့....

စစ်သု့ရှင် ရေချိုးခန်းကထွက်လာသည့် အချိန်တွင်အိပ်ခန်းအတွင်း၌ Sharman ကမရှိပေ..
အခန်းပြင်ကို ထွက်လာခဲ့လိုက်တော့ Sharman ကမီးဖိုချောင်ဘက်တွင်ရှိနေခြင်းဖြစ်သည်။

" ကိုယ်ကြက်သားစွပ်ပြုတ်မှာထားပေးတယ်.. ဒီမှာအကိုက်အခဲပျောက်ဆေး စားပြီးရင်သောက်လိုက်နော် "

Sharman ကထိုသို့ဆိုကာ ထမင်းစား စားပွဲပေါ်သို့ ကြက်စွပ်ပြုတ်အပြင် ဆေးနှင့်ရေကိုပါချပေးလာသည်။ စစ်သု့ရှင် စားပွဲတွင်ဝင်ထိုင်ရင်း...

" မင်းကကော ဘာစားမှာလည်း "

" ကိုယ်နောက်မှစားတော့မယ်.. ရေချိုးလိုက်ဦးမယ် ပြီးမှပြန်လိုက်ပို့မယ်နော်.. "

" အင်း.. "

Sharman ကအခန်းဘက်ကိုသွားလိုက်ပြီဖြစ်ရာ စစ်သု့ရှင် ကြက်စွပ်ပြုတ်ကိုသာ ခပ်သောက်နေလိုက်သည်။

" သု့ ! "

ခေါ်သံကြားလို့ လှည့်ကြည့်လိုက်တော့ Sharman ကအခန်းတံခါးရှေ့တွင် ရပ်နေခြင်းဖြစ်သည်။

" ညတုန်းက မင်းပြောခဲ့တာတွေကိုမှတ်မိလား "

Sharman ၏စကားကြောင့် စစ်သု့ရှင်ခေါင်းကိုသာ ငြိမ့်ပြလိုက်သည်။

" ကိုယ်လည်းတူတူပဲ သု့.. ကိုယ်အသက်ရှင်နေသရွေ့မင်းကိုပဲဆက်ချစ်နေမှာ.. မင်းသဘောမကျရင် ကိုယ်မင်းအနားကနေခပ်ခွာခွာနေပေးလို့ရတယ်.. ကိုယ်မင်းကိုချစ်တယ်ဆိုတာ သိထားပေးရင်ရပြီ "

Sharman ကထိုသို့ဆို၍ အိပ်ခန်းထဲဝင်သွားပြီဖြစ်သည်။ စစ်သု့ရှင် ညကမူးမူးနှင့်ပြောလိုက်မိတာဖြစ်သည်။ သူအချစ်ညကိုဆက်မချစ်တော့ဖို့ ဆုံးဖြတ်ထားပြီးသားဖြစ်ကာ ညတုန်းက နောက်ဆုံးအနေဖြင့် အနမ်းပေးခဲ့ခြင်းသာဖြစ်သည်။

Sharman က စစ်သု့ရှင်ကိုပြန်လိုက်ပို့ပေးခြင်းဖြစ်ရာ အိမ်ပြန်သည့်လမ်းတစ်လျှောက်တွင် ဘာစကားမှမဆိုဖြစ်ကြပေ....

စစ်သု့ရှင် ကားမှန်ဘက်ကိုလှည့်ကာ အပြင်သို့ငေးကြည့်နေရင်း အချစ်ညကိုအမှတ်ရမိသဖြင့် ဖုန်းထုတ်ဆက်လိုက်ခြင်းဖြစ်ရာ တစ်ဖက်မှကြားလိုက်ရသည့် အသံကြောင့် အလန့်တကြားနှင့်ပင် ကိုယ်လေးမှာမတ်ခနဲဖြစ်သွားရသည်။

Sharman [ Ongoing ]Where stories live. Discover now