( 6 ) Z

470 13 1
                                    


အတိတ်ကနေ့ရက်များဆီသို့.....

Warning❗

Warning ပိုင်းတွေကို Ss ရိုက်ပြီးတော့ တခြားသော Social Media တွေမှာပြန်မတင်ကြပါနဲ့...

>>>>>>>>>>>>

လအလီလီကူးပြောင်း၍..နှစ်နှစ်ခန့်ကြာ သည့်နောက်တွင် တက္ကသိုလ်နောက်ဆုံးနှစ်သို့ရောက်ရှိလာခဲ့ပြီဖြစ်သည်။

" အသေးလေး! ကိုယ်ရောက်ပြီ "

Sharman ကအိမ်ရှေ့မှလှမ်းအော်လိုက်ခြင်းဖြစ်ရာ စစ်သု့ရှင်ကလက်ထဲ၌ ဟင်းဘူးအချို့ကိုကိုင်၍ အပြင်ကိုထွက်လာသည်။

" မေမေ ပေးခိုင်းလိုက်တာ "

Sharman နှင့် စစ်သု့ရှင်မှာအလွန်ပင် ရင်းနှီးသည့် သူငယ်ချင်းများဖြစ်လာကြသည့်အပြင် စစ်သု့ရှင်၏မိခင်ဖြစ်သူမှာ Sharman အတွက်ပင် ဟင်းအချို့ကိုချက်ပြုတ်ပေးလေ့ရှိသည်။

Sharman မှာ Condo တိုက်ခန်းတွင် တစ်ယောက်ထဲနေသူဖြစ်၍ တစ်ခါတစ်ရံကိုယ်တိုင်ကိုယ်ကျချက်ပြုတ်စားဖြစ်သော်ငြား အများစုမှာအပြင်ကမှာစားခြင်းပင်... ထိုသည်ကိုသိသောကြောင့် စစ်သု့ရှင်၏မိခင်ဖြစ်သူမှာ အပတ်တိုင်းလိုလိုပင် အမြဲချက်ပြုတ်ပေးလေ့ရှိသည်။

" မေမေကချစ်စရာကြီးကွာ.. ကိုယ့်အကြိုက်တွေကြီးပဲချက်ထားတာ "

ခပ်ပြုံးပြုံးမျက်နှာဖြင့် ပြောရင်း ဟင်းဘူးတို့အား ကားနောက်ခန်းထဲသို့ထည့်နေသူကို စစ်သု့ရှင်မျက်စောင်းသာ ထိုးပစ်လိုက်သည်။

‌ယခုဆိုလျှင် ကျောင်းအသွားအပြန်ကို Sharman ကသာအမြဲအကြိုအပို့လုပ်ပေးလေ့ရှိသည်။ ကျောင်းပိတ်ရက်များမှာပင် အိမ်၌သောင်တင်နေသူက မေမေနှင့်အလွန်ပင်ရင်းနှီးလာကာ မေမေကလည်း Sharman အကြိုက်တို့အား ချက်ကျွေးတက်သလို Sharman ကလည်း ဟင်းချက်စရာများကို အချိန်ပြည့်ဝယ်လာတက်သေးသည်။

စစ်သု့ရှင် ကားပေါ်သို့တက်နှင့်လိုက်ကာ အနောက်သို့မှီချ၍ မျက်လုံးတို့အားဖိမှတ်ထားလိုက်သည်။ ယနေ့က K4 Band မှ Bar တွင်ဖျော်ဖြေပေးရမည်ဖြစ်သောကြောင့် Sharman က စစ်သု့ရှင် ကိုလာခေါ်ခြင်းပင်.. Sharman ကကားပေါ်တက်လာသည်နှင့် ဦးစွာ စစ်သု့ရှင်အားကားခါးပတ်ကိုပတ်ပေးလာသည်။

Sharman [ Ongoing ]Where stories live. Discover now