( 9 ) U

3.2K 245 72
                                    


" ကိုယ့်မေမေမှာ အစ်ကိုတစ်ယောက်ရှိတယ်.. ကိုယ့်ဦးလေးပေါ့.. ထမင်းစားဝိုင်းကလူတွေက ဦးလေးရဲ့မိသားစုဝင်တွေ.. "

" မင်းရဲ့ဦးလေးကကော.. "

" ဆုံးသွားပြီ.. "

Sharman ၏စကားကြောင့် စစ်သု့ရှင်ခေါင်းကိုသာ ငြိမ့်ပြလိုက်မိသည်။

" ကိုယ့်မေမေက ပြင်သစ်မှာတက္ကသိုလ်တက်ရင်း ကိုယ့်ဖေဖေနဲ့တွေ့ပြီး အိမ်ထောင်ကျခဲ့တာ.. ကိုယ်အသက်ဆယ်နှစ်ရောက်တော့ မေမေကကိုယ့်ကို ဖေဖေနဲ့ထားခဲ့ပြီးတော့ ဒီကိုပြန်လာခဲ့တာ.. ကိုယ့်ဦးလေးဆုံးသွားလို့.. ဦးလေးက ဟော်နန်းရဲ့ဆက်ခံသူဖြစ်ခဲ့ပေမယ့် ဦးလေးကသမီးတွေပဲမွေးထားတာမလို့ ဟော်နန်းရဲ့ ဆက်ခံသူနေရာက လစ်လပ်နေခဲ့တာ.. "

" မင်းကကော.. ဆက်ခံလို့မရဘူးလား "

" မရဘူး.. ကိုယ်ကပြင်သစ်သွေးနှောမလို့ "

" အခုကကော ဘယ်သူအုပ်ချုပ်နေတာလည်း "

" ကိုယ့်မေမေက ယာယီအုပ်ချုပ်နေတာ.. ဦးလေးရဲ့သမီးအကြီးဖြစ်တဲ့ ကိုယ့်တစ်ဝမ်းကွဲမကြီးကဆိုးသွမ်းနေတဲ့ လောင်းကစားသမားကိုလက်ထပ်ခဲ့ပြီးတော့ သမီးနှစ်ယောက်မွေးခဲ့တယ်.. အဲ့ဒါက ထမင်းဝိုင်းမှာအမြဲတွေ့ရတဲ့ မိသားစု.. သူတို့မိသားစုက ဦးလေးရှိကတည်းက ဦးလေးနဲ့မတည့်ကြတာ.. ကိုယ်နဲ့မေမေ့ကိုလည်း အခေါ်အပြောမရှိကြဘူး.. "

" ဟိုလူကြီးက လောင်းကစားသမားကိုး.. အဲ့တာကြောင့် သူ့ကိုကြည့်လိုက်ရင် အမြဲပူလောင်နေသလိုပုံစံကြီး "

" အင်း.. လောင်းကစားနွံထဲနစ်သွားရင် အဲ့လိုပဲ.. သူကဘာအလုပ်မှမလုပ်ဘဲ လောင်းကစားတွေပဲလုပ်ပြီး ဟော်နန်းကငွေတွေကို အလွဲသုံးစားလုပ်ထားလို့ ကိုယ်နဲ့မေမေဒီနှစ်တွေထဲမှာ ဖြေရှင်းနေခဲ့ရတာ.. ဟော်နန်းကပြိုလဲလုနီးနီးဖြစ်ခဲ့တာ.. "

" ဆိုးလိုက်တာ.. "

" ဦးလေးရဲ့သမီးအငယ်.. ကိုယ့်တစ်ဝမ်းကွဲမမငယ်က ရှေ့နှစ်နှစ်ကမှ အမျိုးသမီးတစ်ယောက်နဲ့ တောင်ကြီးမှာလက်ထပ်ခဲ့တာ.. ပြီးတော့ မမငယ်က အလှူခံသုတ်ပိုးနဲ့ကိုယ်ဝန်ဆောင်ခဲ့တာ.. အသေးလေး ကိုယ့်ဆီလာတဲ့နေ့က မမငယ်ကလေးမွေးတဲ့နေ့ပဲ.. မေမေကမမွေးခင်တစ်ပတ်အလိုကတည်းက တောင်ကြီးကိုတက်သွားခဲ့တာ.. "

Sharman [ Ongoing ]Where stories live. Discover now