( 5 ) U

3.1K 226 35
                                    


အတိတ်ကနေ့ရက်များဆီသို့.....

စစ်သု့ရှင် မိခင်ဖြစ်သူကို ကန်တော့ပြီးသည့်နောက်တွင် အိပ်ခန်းရှိရာသို့ပြန်လာကာ ပြတင်းပေါက်ပိတ်ရန်ပြင်လိုက်သည့်အချိန်တွင် ခြံပြင်မှာ ထိုးရပ်လာသည့် ကားတစ်စီး....

ထိုကား.... အမြဲလိုပင် သူနှင့်မလှမ်းမကမ်းမှာရှိနေတက်သည့် ထိုကားက Sharman ၏ကားပင်... ကျောင်းမှာသာမက ရပ်ကွက်ထဲအထိပင်
နောက်မှတကောက်ကောက်လိုက်နေတက်သည့်
လူဝံကောင်ပင်....

နာရီကိုကြည့်လိုက်မိတော့ ညကိုးနာရီပင်ထိုးနေပြီဖြစ်သည်။ စစ်သု့ရှင် လှမ်းကြည့်နေတုန်းမှာပင် ကားပေါ်မှဆင်းလာသည့် Sharman ကြောင့်သူပြတင်းပေါက်ဘေးကို အမြန်ကွယ်ရပ်လိုက်မိသည်။ ထို့နောက် မသိမသာလေးချောင်းကြည့်လိုက်တော့ ကားရှေ့ဖုံးပေါ်တွင်ထိုင်နေကာ ဂီတာကိုပိုက်ထားသည့် Sharman က သူ့အိပ်ခန်းကိုလှမ်းကြည့်နေတာဖြစ်သည်။

ထို့နောက် ဂီတာသံနှင့်အတူ ထွက်ပေါ်လာသည့်
ခပ်ဝဲဝဲအသံလေး....

🎶🎶 ကျွန်တော်ရူးရူးမူးမူး ချစ်ရတဲ့
ကောင်ကလေးအကြောင်း....

ဒီဂီတာလေးနဲ့ သူသိအောင်ဆိုပြမယ်....

ဟို...ကလေးလေးဘဝကခုထက်ထိ
သူဘာတွေလုပ်တယ်...

ဘယ်လိုရှိတယ် သူ့အကြောင်းတွေ
အကုန်စုံစမ်းတယ်...

အမြဲတမ်းပဲ အနောက်တကောက်ကောက်လိုက်...

ကျန်တာတွေအကုန်ခေါက်လိုက်...

ကျွန်တော့်ရဲ့အချိုးတွေပြောင်း...

သူ့ကိုရင်ခုန်မိပြီးနောက်ပိုင်း...

အမြဲတမ်းပဲ သူ့အကြောင်းတွေးတွေး...

အလွှာတွေကွာကာ ဝေးဝေး...

အားလုံးဆွဲပြီး ချုံ့ပစ်လိုက်မယ်...

Cause I Love You Baby....

သိပ်ချစ်မိနေတာ...

ယူပါနော်ကွာ မင်းအတွက် 1500...

ဘယ်သူကိုမှ မပေးဘူးခဲ့တာပါ...

မင်းတစ်ယောက်ထဲပါ...

ဒါပထမဆုံးနဲ့နောက်ဆုံးပါ.... 🎶🎶

စစ်သု့ရှင် ပြတင်းပေါက်ဘေးတွင် ကျောမှီကာရပ်နေရင်း ပြုံးလိုက်မိသည်။ ကျောင်းမှာ စာအုပ်ထောင်ပြီး သီချင်းထိုင်ကျက်နေတာက အခုလို အိမ်ရှေ့မှာ လာဆိုပြဖို့တဲ့လား....

Sharman [ Ongoing ]Where stories live. Discover now