( 10 ) U

2.9K 221 45
                                    


ဒေါ်နန်းမြတ်စံ ကားပေါ်မှဆင်းလိုက်သည်နှင့် ဟော်နန်းမှ လုံခြုံရေးများအပြင် ဟော်နန်းမှအလုပ်သမားများ...အပျိုတော်.. ရံရွေတော်များစွာကို ဦးစွာတွေ့မြင်ရသည်။ ခေါင်းငုံ့လျက် ငြိမ်သက်စွာ ရပ်နေကြသည့်သူများ၏နောက်တွင် ရှမ်းဝတ်စုံဆင်တူလေးများဖြင့် ရပ်နေကြသည့် သားအဖလေးယောက်..

ဒေါ်နန်းမြတ်စံအနေနှင့် ဓာတ်ပုံများဖြင့် ရင်းနှီးနေပြီဖြစ်သော်ငြား အပြင်မှာတွေ့လိုက်ရတော့ အံ့ဩမှင်သက်သွားမိသည်။ အဖေနှစ်ယောက်၏ရုပ်ရည်သွင်ပြင်များကို ချွတ်စွပ်ကူးယူထားသလား ထင်မှတ်ရအောင်ပင် သူမ၏မြေးနှစ်ယောက်မှာ သူမ၏သားနှင့် သားမက်ဖြစ်သူတို့နှင့် တစ်ထပ်တည်းတူညီနေခြင်းဖြစ်သည်။

စစ်သု့ရှင်က သားငယ်၏လက်ကိုဆွဲကိုင်ထားခြင်းဖြစ်ရာ Sharman မှာတော့ သားကြီး၏လက်ကိုဆွဲကိုင်ထားခြင်းဖြစ်သည်။ Sharman မှာနောက်လက်တစ်ဖက်ဖြင့် စစ်သု့ရှင်၏လက်ကိုဆုပ်ကိုင်ထားခြင်းဖြစ်ရာ စိတ်လှုပ်ရှားနေသူက လက်များပင်တုံယင်နေပြီဖြစ်သည်။

" ဘာမှမဖြစ်ဘူး အသေးလေး "

" ဘာမှမဖြစ်ဘူး ပါပါး "

စစ်သု့ရှင် စိတ်လှုပ်ရှားကာ ကြောက်နေမိသဖြင့် လက်များပင်တုန်ယင်နေခြင်းဖြစ်ရာ ဘေးတစ်ဖက်တစ်ချက်တွင်ရှိနေသည့် Sharman နှင့် သားငယ်မှာ တစ်ပြိုင်ထဲထပြောလာသဖြင့် အံ့ဩသွားရသည်။

" ကိုယ်ရှိတယ် "

" သားရှိတယ် "

ထပ်မံ၍ တစ်ချိန်ထဲထပြောလာသည့် Sharman နှင့် သားငယ်ကြောင့် သားကြီးကတခစ်ခစ်နှင့်ရယ်သည်။ ဘေးနှစ်ဖက်မှ ရွှေအိုရောင်မျက်ဝန်းနှစ်စုံမှာ အကြည့်ခြင်းစုံ၍ စစ်ခင်းနေကြတော့သည်။

" ဒယ်ဒီပြောသလို လိုက်မပြောနဲ့ "

" သားပြောသလို လိုက်မပြောနဲ့ "

တစ်ပြိုင်ထဲထပ်မံ၍ ထွက်ပေါ်လာသည့် စကားနောက် စစ်သု့ရှင် ရယ်ချင်လာရသည်။

" သားငယ်! "

" ဒယ်ဒီ! "

တစ်ချိန်ထဲထထပြောနေသည့် သားအဖကြောင့် စစ်သု့ရှင်မထိန်းနိုင်ဘဲ ရယ်လိုက်မိသည်။ သားကြီးမှာလည်း အားပါးတရပင်ရယ်နေခြင်းဖြစ်ရာ Sharman နှင့် သားငယ်မှာလည်း ခပ်ပြုံးပြုံးဖြစ်နေကြသည်။

Sharman [ Ongoing ]Where stories live. Discover now