( 8 ) U

1.1K 174 48
                                    


အတိတ်ကနေ့ရက်များဆီသို့ ...

ယနေ့က သတ္တိလျှံ နှင့် ခွန်ခေး ၏လက်ထပ်ပွဲနေ့ဖြစ်သည်။ မနေ့ညကမှ လတ်လတ်ဆတ်ဆတ်အရိုက်ခံထားရသည့် အချစ်ညမှာ လမ်းပင်ကောင်းကောင်းမလျှောက်နိုင်သဖြင့် စားပွဲဝိုင်းမှာသာ ငြိမ်ငြိမ်လေးထိုင်နေရသည်။

" ဘေဘီ "

" ဗျာ... "

" Avocado Cake လေးစားချင်လို့ "

အချစ်ည ကနှုတ်ခမ်းလေးထော်ကာ ခပ်ချွဲချွဲလေးပြောလိုက်တော့ ဈာန်မင်းနောင် ကပြုံးကာ အချစ်ည ၏ပါးကိုခပ်ဖွဖွလေးဆွဲ၍ နေရာမှထသွားတော့သည်။

စားပွဲဝိုင်းတွင် သတိုးသားနှစ်ယောက်နှင့်အတူ Sharman နှင့် စစ်သု့ရှင်ပါရှိနေတာဖြစ်သည်။

" မင်းခန္ဓာကိုယ်ကြီးကိုမှ အားမနာ ဈာန် ကိုကပ်ကပ်ချွဲနေတာ ဘာကောင်မှန်းမသိဘူး "

သတ္တိလျှံ ၏စကားကြောင့် အချစ်ည ကဆူပုတ်ပုတ်မျက်နှာလေးဖြင့် လှည့်ကြည့်လာသည်။ ပါးဖောင်းဖောင်းလေးတွေက မို့တက်နေဆဲဖြစ်ကာ ရှည်လျားသည့်မျက်တောင်ရှည်လေးတို့နှင့်အချစ်ည မှာပို၍ပင် ချစ်စရာကောင်းလာခြင်းဖြစ်သည်။

" မောင်.. ပန်းစည်းသွားပစ်ရအောင် "

ခွန်ခေးက ထိုသို့ဆိုကာ နေရာမှထရပ်လိုက်သဖြင့် သတ္တိလျှံကလည်း နေရာမှထကာ နှစ်ယောက်အတူ စင်၏အရှေ့ဘက်သို့ သွားလိုက်ကြသည်။ ထိုအချိန်တွင် Cake ပန်းကန်လေးကိုင်ကာ ပြန်ရောက်လာသူက ဈာန်မင်းနောင်ပင်...

စင်ရှေ့တွင် ယောကျာ်လေးအများစုမှာ စုရုံးနေကြပြီဖြစ်ရာ Sharman နှင့် စစ်သု့ရှင်အပြင် အချစ်ညနှင့် ဈာန်မင်းနောင် မှာလည်း စားပွဲဝိုင်းတွင်သာထိုင်နေကြခြင်းဖြစ်သည်။

" ဘေဘီ ကိုယ်လည်းပန်းစည်းဖမ်းချင်တယ် "

" လူများတယ် "

" ဘေဘီကလည်း "

" ခြေထောက်က နာနေသေးတယ်မလား "

" ဒါပေမယ့်... "

Wow!!! ဖြောင်း!! ဖြောင်း!! ဖြောင်း!!

ခွန်ခေး ပစ်လိုက်သည့် ပန်းစည်းမှာ အားပါလွန်းသဖြင့် စုရုံးနေသည့် လူအုပ်ကြီးကိုကျော်ကာ ထိုင်ခုံပေါ်ထိုင်ကာ ပန်းစည်းသွားဖမ်းရန် ခွင့်တောင်းနေဆဲဖြစ်သည့် အချစ်ည၏လက်ထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်ချလာတာဖြစ်သည်။

Sharman [ Ongoing ]Where stories live. Discover now