( 11 ) U

12.1K 588 243
                                        


သားကြီးကို ဆယ်မိနစ်အတွင်းမှာပင် ဟော်နန်းထဲကနေခေါ်ထုတ်သွားနိုင်သည့် တစ်ဖက်ဂိုဏ်းကို သူလျော့တွက်ခဲ့မိသည်။ ဟော်နန်းအတွင်းမှာလည်း တစ်ဖက်ဂိုဏ်းမှ သူလျှိုများ အများအပြားရှိနေပုံပင်..

" စိုင်းသော်ဇေးက အခုတောင်ကြီးမှာပါ.. သခင် "

" အခုချက်ချင်း ထွက်ခွာမယ် "

" ဟုတ်ကဲ့ သခင် "

ဟော်နန်းအတွင်းမှ ကားများထွက်ခွာသွားသည်ကို စစ်သု့ရှင် ပြတင်းပေါက်မှလှမ်းကြည့်နေမိသည်။ သားကြီးအခုချိန်ဘယ်လိုများနေနေမလည်းဟု တွေးမိတော့ မျက်ရည်တို့ကဝဲတက်လာပြန်သည်။ သားငယ်နိုးလာရင်ကော သူဘယ်လိုရှင်းပြရမလည်း...

>>>>>>>>

မွေ့ယာပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသူကိုကြည့်၍ စိုင်းသော်ဇေးပြုံးလိုက်မိသည်။ ပြန်ပေးဆွဲခံရတာကို အေးအေးဆေးဆေးအိပ်နေနိုင်သည့်သူက ဒီကလေးအပြင်တခြားရှိပါဦးမလား..

" ဒီကလေးကထူးခြားတယ်.. အစိုင်း.. လုံးဝမငိုဘူး.. ပြီးတော့တစ်လမ်းလုံးအိပ်လိုက်လာတာ "

" သူ့ကိုပြန်ပေးဆွဲလာတယ်ဆိုတာကော.. သူသိရဲ့လား.. "

" သိတယ်.. သူမေးလို့ပြောပြလိုက်တာ "

" စိတ်ဝင်စားစရာပဲ.. "

စိုင်းသော်ဇေး ထိုသို့ဆိုကာ ဘေးဘက်စားပွဲရှိထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် ကုတင်ဘေးတွင်မတ်တပ်ရပ်နေသည့် Kyle ကိုမော့ကြည့်ကာ..

" Kyle.. တစ်ပွဲလောက်ကစားရအောင်.. "

သူပြောလိုက်တော့ Kyle ကခေါင်းအသာငြိမ့်ပြကာ စစ်တုရင်ခုံကိုထုတ်ယူလာသည်။ Kyle ဆိုသည်က သူ့လက်ထောက်လည်းဖြစ်သလို သူ့ဖခင်၏ မယားပါသားလည်းဖြစ်သည်။ ထို့အပြင်ကို Kyle မှာဂိုဏ်း၌ အတော်ဆုံး စစ်တုရင် ကစားသမား တစ်ယောက်ပင်.. သူဘယ်တော့မှမနိုင်ပေမယ့် လက်မလျော့ချင်သေးပေ...

Chestman အိပ်နေရင်း အေးလာသလိုခံစားရသဖြင့် နိုးလာရသည်။ ပက်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်မိတော့ အိပ်ခန်းတစ်ခုအတွင်း၌ဖြစ်သည်။ ဘေးတွင်ရှိနေသည့်စောင်ကိုဆွဲယူကာ ထထိုင်လိုက်တော့ ဘေးတွင်စစ်တုရင်ကစားနေကြသည့် လူနှစ်ယောက်.. Chestman စောင်ဖြင့်တစ်ကိုယ်လုံးကိုပက်ထားလိုက်ကာ ခေါင်းလေးသာဖော်၍ ကစားပွဲကိုထိုင်ကြည့်နေလိုက်သည်။

Sharman [ Ongoing ]Where stories live. Discover now