ပက်ဝန်းကျင်တစ်ခွင်လုံး မြူနှင်းတို့ဖြင့်အုံ့မှိုင်းနေကာ အအေးဓာတ်ကလွှမ်းခြုံနေသည်။ အချိန်အားဖြင့် နံနက်ငါးနာရီခန့်မျှသာ ရှိသေးသော်ငြား ဟော်နန်းအတွင်း၌ အခြွေအရံများမှာ အပြေးအလွှားလှုပ်ရှားနေကြပြီဖြစ်သည်။ ယနေ့မှာ သခင့်၏ကြင်ယာတော်တင်မြောက်ခြင်းနေ့ရက် သို့မဟုတ် လက်ထပ်ထိမ်းမြားခြင်းနေ့ရက်...စိုင်းလွန်းပန် သခင်လေးတို့၏အိပ်ခန်းသို့ အပြေးသွားနေခြင်းဖြစ်သည်။ ခြောက်နာရီခွဲတော့မည်ဖြစ်သည်။ သခင်လေးတို့က မနက်ခြောက်နာရီခွဲဆိုလျှင် နိုးကြပြီဖြစ်၍ သခင်လေးတို့မနိုးခင် သူမွေ့ယာထဲသို့ ရောက်နေမှဖြစ်မည်။ မဟုတ်လျှင် သခင်လေး Clayman ၏စိတ်ကောက်ခြင်းကို ခံရမည်ဖြစ်သည်။
စိုင်းလွန်းပန် အခန်းထဲသို့တိတ်တဆိတ်ဝင်ကာ သခင်လေး Clayman ၏ဘေးတွင်ဝင်လှဲ၍ အိပ်ချင်ယောင်ဆောင်နေလိုက်သည်။ စောင်တစ်ထည်တည်းအတူခြုံရခြင်းဖြစ်၍ သခင်လေး၏ကိုယ်အနွေးဓာတ်နှင့်အတူ စောင်ထူထူအောက် နွေးထွေးသွားရသည်။
ခဏကြာတော့ ကုတင်အပေါ်ထပ်ကလူးလွန့်လှုပ်ရှားသံများနှင့်အတူ ဘေးမှသခင်လေးကလည်း နိုးလာပြီဖြစ်သည်။ Clayman ကမျက်လုံးကို လက်ဖြင့်အသာအယာပွတ်ကာ မွေ့ယာမှထထိုင်လိုက်သဖြင့် စိုင်းလွန်းပန်လည်းခပ်တည်တည်ပင် ဆက်၍အိပ်ချင်ယောင်ဆောင်နေလိုက်သည်။
" ဘာလို့အဲ့လောက်တောင် အေးရတာလည်း "
အသံနှင့်အတူ ကုတင်ခြေရင်းဘက်ရှိလှေကားမှ ဆင်းလာသူက Chestman ဖြစ်သည်။
" ဟန်ဆောင်မနေနဲ့... စိုင်းညကဝတ်ထားတာ ဒီအင်္ကျီမဟုတ်ဘူး "
Clayman ၏စကားနောက် Chestman ၏ရယ်သံကထွက်ပေါ်လာကာ စိုင်းလွန်းပန်၏မျက်နှာလေးမှာတော့ ရဲတက်လာရသည်။
ဘယ်လိုတောင် အရှက်ကွဲမှုကြီးလည်း.. မေ့ပြီးတော့ အဝတ်လဲလိုက်မိတာဖြစ်သည်။ သခင်လေး Clayman ကမနက်တိုင်းကို သူနှင့်အတူသာထစေချင်သဖြင့် ရှေ့ရက်များတွင် စိုင်းလွန်းပန်နိုးနေလျှင်တောင် မထဘဲသခင်လေးထမှလိုက်ထပေးဖြစ်သည်။ ယနေ့တွင်တော့မတူပေ.. နေ့ကြီးနေ့မြတ်ဖြစ်၍ သူသွားကူပေးနေခြင်းဖြစ်သည်။
