Episode 25

425 30 0
                                    

Ep 4 . ရုပ်ရှင်ဧကရာဇ်၏ ဇနီးသည်နေရာကို ကာကွယ်ခြင်း

နောက်တစ်နေ့တွင် Weiboရဲ့သတင်းမီဒီယာတွေတွင် Jamesတင်ထားတဲ့ စန္ဒရားသံစဉ်ဟာ သတင်းတစ်ခုအဖြစ် ဖော်ပြခံရပြီး ခေတ်စားလာခဲ့သည်။ ထိုသတင်းဟာ တရုတ်မှာပင်မဟုတ် နိုင်ငံအသီးသီးတွင် မျှဝေသူတွေ များပြားလာခဲ့လေသည်။

ကုကျင်းကိုအခုမှစသိတဲ့ တစ်ချို့သူတွေက နားထောင်လိုက်လျှင် စိတ်ခံစားမှုအမျိုးမျိုးကို ပုံဖော်တီးခတ်နိုင်ခဲ့သောကြောင့် ကုကျင်းဘယ်လိုလူလဲဆိုတာ စိတ်ဝင်စားလာကြသည်။ ကုကျင်းရဲ့fanတွေကလည်း Weiboတွင်များပြားလာခဲ့ပြီး Fanအင်အားဟာ အနုပညာအသိုင်းအဝိုင်းထဲက သရုပ်ဆောင်တွေလောက်ပင် Weibo Followerတွေ များပြားလာခဲ့သည်။

တစ်ဖက်ရှိအခန်းထဲတွင် ခရစ်ဟာကုကျင်းရဲ့ စန္ဒရားတီးထားတဲ့ ဗီဒီယိုကိုထပ်ခါထပ်ခါ ကြည့်နေမိသည်။ သူအဲ့ဒီvideoကို မနေ့ကတည်းက ကြည့်နေတာကြောင့် "မာရီနာနဲ့တွဲနေပြီလား"ဆိုတဲ့ သတင်းထွက်နေတာကိုတောင် မဖြေရှင်းရသေးပေ။

"ခင်ဗျားကစန္ဒရားတီးတာ တော်လိုက်တာ ၊ မနေ့ကကျွန်တော်ခင်ဗျားကို အထင်သေးမိသွားတာပဲ .."
ခရစ်ဟာscreenပေါ်ရှိ စန္ဒရားတီးနေသူအားကြည့်၍ တိုးတိုးလေးရေရွက်လိုက်သည်။

"ဟယ်လို မန်နေဂျာဆမ် .."

"အေး ... ခရစ်မင်းဒီနေ့ မာရီနာနဲ့တွဲနေတယ်ဆိုတဲ့ ကောလဟာလတွေက အမှန်မဟုတ်ဘူးဆိုတာ ဖြေရှင်းရမယ်နော် .."

"ဟုတ်ပါပြီ ကျွန်တော်ဖြေရှင်းလိုက်ပါမယ် .."

"မာရီနာနဲ့က လုပ်ဖော်ကိုင်ဖက်တစ်ယောက်ထက် မပိုပါဘူးလို့။ ပြီးတော့မင်းမှာ တရားဝင်အိမ်ထောင်ဘက် ရှိတယ်ဆိုတဲ့အကြောင်းရော အားလုံးကိုပြောပြရမယ် .."

"အိမ်ထောင်ဘက် ရှိတယ်ဆိုတဲ့အကြောင်းက ပြောပြဖို့လိုသေးလို့လား။ ကျွန်တော်လက်ထပ်ထားတာ အားလုံးသိထားပြီးသားကို .."

"လိုတာပေါ့အဲ့ဒါမှမင်း အစ်ကိုကုကျင်းကို လေးစားရာရောက်မှာပေါ့။ အစ်ကိုကမင်းအတွက် ဇာတ်လမ်းကိုဘီလီယံနဲ့ချီ သုံးထားတာနော်။ မင်း အစ်ကိုကုကျင်းကို လေးလေးစားစားဆက်ဆံ .."

𝙰𝚒 𝚂𝚢𝚜𝚝𝚎𝚖 .{𝙾𝚗𝚐𝚘𝚒𝚗𝚐.....}Where stories live. Discover now