နောက်တစ်နေ့မနက်ခင်းရောက်တော့....
"Kookieရေ...."
"ဟင် ယောင်း ယောင်းမဟုတ်လား ယောင်း"
"Kookie လာပါအုံး ယောင်းဆီကို"
"ယောင်း... !!!"
Jkတစ်ယောက် ထယ်ယောင်းကို ပြေးဖက်ကာ ရင်ခွင်ထဲကိုတိုးဝင်ပြီး ငိုတော့တယ်
"ယောင်းရယ် ဘာလို့အခုမှလာရတာလဲ ကုကီမှာ အရမ်းကိုလွမ်းနေရတာ ယောင်းရယ် ကုကီဆီပြန်လာပေးတယ်နော် ဝမ်းသာလိုက်တာ ကုကီလေ ဒီက ယောင်းရဲ့ ကိုယ်သင်းနံ့လေးကို အရမ်းလွမ်းနေရတာ ယောင်းရဲ့ အရမ်းချစ်တယ်ယောင်းရယ်"
ထယ်ယောင်းရဲ့ ရင်ခွင်ထဲမှာ ငိုနေတာများ ကလေးငယ်လားပင်
မျက်ရည်စက်များမှာ ခေါင်းအုံးပေါ်မှာ စိုရွှဲလို့ပင်
"တီ.... တီ....တီ..."
ဖုန်းမြည်နေရာ ကောက်ကိုင်ကြည့်လိုက်တော့...
"Eunလေး"တဲ့
"ဟယ် ဟယ်လို "
"Jk နိုးသေးဘူးလားဟ"
"ခုမှ နိုးတာ "
"အေးအေး နိုးနေပြီဆိုတော့ ပြင်ဆင်ပြီးထွက်လာခဲ့တော့ ဒီနေ့မင်းကြော်ငြာရိုက်ဖို့ရှိတယ်လေ"
"အော်..ဟုတ်သားဘဲ ငါလာခဲ့မယ် "
"မြန်မြန်လုပ်နော် မကြာစေနဲ့"
"အင်း အင်းပါ"
"Jk မင်းနေကောင်းရဲ့လား အသံသိပ်မကောင်းဘူး မဟုတ်မှလွဲရော မင်းငိုထားတာလားJk"
"ဟာ မင်းကလည်း ဘာတွေပြောနေတာလဲကွ ငါကဘာလို့ငိုရမှာလဲ မနက်ခင်းအစောကြီးရှိသေးတာကို"
"အေးပါ ငါကစိတ်ပူလို့ပါ မင်းဘာမှမဖြစ်ရင်လည်း ပြီးတာဘဲ..လာခဲ့တော့နော် စောင့်နေမယ်"
"အေးအေး"
Jkလည်း ဖုန်းချလိုက်ပြီး မျက်ရည်များရွှဲနေဆဲ ခေါင်းအုံးလေးကို ကြည့်ကာ...
မနက်ခင်းအိမ်မက်တွေက တကယ်ဖြစ်လာတတ်တယ်တဲ့ အဲစကားသာမှန်မယ်ဆိုရင် ကိုယ်သိပ်ဝမ်းသာမိမှာဘဲ ယောင်းရယ်
ယောင်းသာ ကိုယ့်ဆီပြန်လာမယ်ဆို ကိုယ် သေပျော်ပါပြီယောင်းရယ်
YOU ARE READING
𝐅𝐢𝐫𝐬𝐭 𝐋𝐨𝐯𝐞 (အချစ်ဦး)
Fanfiction" ဘဝမှာ အချစ်ဦးကို လူတိုင်းမေ့ပစ်ဖို့ခက်တယ် အချစ်ဦးကို အချစ်ဆုံးပေမဲ့ ပေါင်းဖက်ခွင့်မရကြဘူး အချစ်ဦးဆိုသည်မှာ သူတို့အတွက်တော့ နာကျင်စရာ အတိတ်တစ်ခုထက်မပိုဘူး ဒါပေမဲ့ ကျွန်တော်အလွန်ကံကောင်းသည် ကျွန်တော့ရဲ့ အချစ်ဦးဖြစ်တဲ့ ယောင်းငယ်လေးကို ထာ ဝ ရ ပို...