ဆိုးလ်ကိုပြန်ရောက်ပြီးကတည်းက ကျွန်တော်သူ့ကိုအရမ်းလွမ်းမိသည်။ လွမ်းတိုင်းလည်း သူ့ပုံလေးတွေကို တွေးကာ ထိုင်ထိုင်ဆွဲနေတတ်သည်။ ပုံတွေလည်းဆွဲရတာများလွန်းလို့ ထားစရာနေရာတောင်မရှိ ၊ ကျွန်တော့အခန်းနံရံတွေမှာကအစ ပြည့်နှက်နေသည့် သူ့ပုံများ။
ခါတိုင်းလိုဘဲ ကျွန်တော် Jungkook နှင့်အတူ ကျောင်းသွားခဲ့သည်။ ထိုနေ့မှာဘဲ Jungkook ကို စက်ဘီးနဲ့ တိုက်မိခဲ့ရာ အစကတော့ကျွန်တော်လန့်သွားခဲ့ပေမဲ့......
စက်ဘီးပိုင်ရှင် ကြောင့်ကျွန်တော် အရမ်းပျော်မိလေပြီ။
ထိုသူမှာ မည်သူမှမဟုတ် ကျွန်တော်ကြိတ်ပြီးချစ်နေရတဲ့ ကော်ဖီဆိုင်ကအမျိုးအသားလေးပင်။
သူကိုပြန်တွေ့ရလို့ ကျွန်တော်အတိုင်းမသိဝမ်းသာရသည်။ သို့သော် သူကတော့ Jungkook နဲ့ ရန်ဖြစ်ပြီး စိတ်တိုတိုနဲ့ ပြန်ထွက်သွားတော့ ကျွန်တော်တားချိန်တောင်မရလိုက်။ နာမည်လေးတောင်မမေးလိုက်ရပေ။ "ရေစက်ပါရင်တော့ပြန်ဆုံရမှာပါ" လို့သာ ကျွန်တော်တွေးမိလိုက်သည်။
တကယ်ရေစက်ပါတယ်ထင်ပါရဲ့....။
ကျွန်တော်တို့ကျောင်းကို ကျောင်းသားသစ်ရောက်လာတယ်တဲ့.... ။ကျွန်နော်အနည်းငယ် မျှော်လင့်မိသည်။ ထိုကျောင်းသားက သူများဖြစ်နေမလားလို့ပေါ့။
တစ်ခဏအကြာမှာတော့ ကျွန်တော်မျှော်လင့်ချက်တွေပြည့်လာခဲ့တယ်။ သူက အသစ်ရောက်တဲ့ကျောင်းသားတဲ့လေ။ ပြီးတော့ သူ့နာမည်က ကင်မ်ထယ်ယောင်း တဲ့လေ။ အရမ်းကိုလှတဲ့ နာမည်လေးပါလား လို့ တောင် တွေးခဲ့မိသေး။
ဆရာက သူ့ကို Jungkook ဘေးက ခုံမှာထိုင်ခိုင်းတော့ဘကျွန်တော် ဝမ်းသာတာမှ အတိုင်းမသိ။
နောက်ဆုံးတော့ ကျွန်တော် သူနဲ့ ရင်းနှီးခွင့်ရတော့မယ်တဲ့လေ။ သူJungkookနဲ့ စကားပြောနေတုန်း ကျွန်တော်အခွင့်ကောင်းယူကာ မရှိရှိတဲ့ သတ္တိလေးတွေနဲ့ ဝင်ပြောခဲ့တယ် ။ သူတကယ်လက်ခံတယ်ဗျာ ကျွန်တော်သူနဲ့ သူငယ်ချင်းဖြစ်ခွင့်ရပြီတဲ့လေ။
ကျွန်တော်သူနဲ့ တဖြည်းဖြည်းနဲ့ ရင်းနှီးလာခဲ့တယ်။
သူ့အကြောင်းတွေပိုပိုသိခွင့်ရလာတယ်။
YOU ARE READING
𝐅𝐢𝐫𝐬𝐭 𝐋𝐨𝐯𝐞 (အချစ်ဦး)
Fanfiction" ဘဝမှာ အချစ်ဦးကို လူတိုင်းမေ့ပစ်ဖို့ခက်တယ် အချစ်ဦးကို အချစ်ဆုံးပေမဲ့ ပေါင်းဖက်ခွင့်မရကြဘူး အချစ်ဦးဆိုသည်မှာ သူတို့အတွက်တော့ နာကျင်စရာ အတိတ်တစ်ခုထက်မပိုဘူး ဒါပေမဲ့ ကျွန်တော်အလွန်ကံကောင်းသည် ကျွန်တော့ရဲ့ အချစ်ဦးဖြစ်တဲ့ ယောင်းငယ်လေးကို ထာ ဝ ရ ပို...