တီ.....တီ..... တီ
"ဟယ်လို "
"ဒီဇိုင်နာ Van ဟုတ်တယ်မလား"
"ဟုတ်ပါတယ် ဘယ်သူပါလဲ"
"ဟုတ် ကိုယ်ပါ.... Mr Charle "
"ဟုတ် Mr Charle ကျွန်တော်တို့ အဆက်အသွယ်တွေပျက်နေတာ ခုမှအသံလေးကြားရတော့တယ်ဗျာ ဘာများပြောမလို့လဲ "
"မော်ဒယ် Jkကို သိတယ်မဟုတ်လား"
"အော် နာမည်အရမ်းကြီးနေတဲ့ အဲတစ်ယောက်မလား"
" ဟုတ်ပါတယ် အခု သူ့အတွက် ကိုယ်ပိုင်ဒီဇိုင်နာလိုနေလို့ပါ အဲဒါ"
"ကျွန်တော်က သူ့ဒီဇိုင်နာ Stylist လုပ်ရမယ်ပေါ့ အဲလိုလား"
"လုပ်ရမယ်လို့ပြောတာမဟုတ်ပါဘူး လုပ်ချင်ရင်လို့ပြောတာပါ"
"ရပါတယ် ကျွန်တော်လည်း ကျွန်တော့ ဖက်ရှင်တွေကို Jkလို လူမျိုးကို ဆင်ပေးရမှာ စိတ်ဝင်စားမိတယ် ကျွန်တော်လက်ခံတယ် လို့ သဘောထားလိုက်ပါ"
"ဒါဆို ရင် ကိုရီးယားကို ဘယ်နေ့လောက်လာမလဲ"
"မနက်ဖြန်လာခဲ့မယ်လေ မနက်ဖြန်ကြရင် Jkအတွက် ပွဲလေးရှိတယ်မဟုတ်"
"ဟော Van တို့ကတော့ သိနေတာဘဲ နာမည်ကြီးတယ်လို့ကို ပြောစရာမလိုဘူး"
"ဟဲဟဲ ဒါကတော့ ဒါဆို"
"See You Tomorrow "
"Yeah See you"
ဖုန်းချသွားပြီးနောက် Vanတစ်ယောက် မဲ့ပြုံးလေးတစ်ချက်ပြုံးကာ စူးရှသောမျက်လုံးတစ်စုံနဲ့အတူ သူ့အခန်းနံရံပေါ်က whiteboardပေါ်မှာ ကပ်ထားတဲ့ Jk ပုံကိုကြည့်နေလေရဲ့
"Jeon Jungkook.... တွေ့ကြတာပေါ့ မနက်ဖြန်"
.
.
.
.
.
.
.
.
.
.Jungkook တစ်ယောက် အိပ်ယာထဲမှာ ထုံးစံဆိုသလိုပင် အိမ်မက်မက်ကာ ငိုနေပြန်တယ်
"ယောင်း ယောင်းးး မသွားပါနဲ့ ယောင်း"
လန့်နိုးလာတော့....
"အာ...မက်ပြန်ပြီ အဲအိမ်မက်တွေ.... ဟင့်အင် မလိုချင်ဘူး အဲ အိမ်မက်တွေကို မမက်ချင်ဘူး ယောင်းရယ် ကိုယ့်အဖြစ်ကိုကြည့်ပါအုံးလို့"
YOU ARE READING
𝐅𝐢𝐫𝐬𝐭 𝐋𝐨𝐯𝐞 (အချစ်ဦး)
Fanfiction" ဘဝမှာ အချစ်ဦးကို လူတိုင်းမေ့ပစ်ဖို့ခက်တယ် အချစ်ဦးကို အချစ်ဆုံးပေမဲ့ ပေါင်းဖက်ခွင့်မရကြဘူး အချစ်ဦးဆိုသည်မှာ သူတို့အတွက်တော့ နာကျင်စရာ အတိတ်တစ်ခုထက်မပိုဘူး ဒါပေမဲ့ ကျွန်တော်အလွန်ကံကောင်းသည် ကျွန်တော့ရဲ့ အချစ်ဦးဖြစ်တဲ့ ယောင်းငယ်လေးကို ထာ ဝ ရ ပို...