နောက်နေ့မနက်....
"Eunလေး မနေ့က"
"အင်း"
" Bora ကို မင်း တကယ်ကြီး"
"အင်း သူ့အပြစ်တွေတွက် သူထိုက်သင့်တဲ့ အပြစ်ဒဏ်ကိုခံရမှာပေါ့....ငါ သက်သေတွေစုနေခဲ့တာ ကြောင့် နောက်ကျသွားတာ..."
"သူက မင်းညီမလေ"
"ညီမဖြစ်ဖြစ် ဘာဘဲ ဖြစ်ဖြစ် သူရဲ့အပြစ်တွေကို ဖုံးပေးခဲ့တာ ဒီလောက်ဆို လုံလောက်နေပြီ "
"အေးပါ ဒါဆို သူအခု ဘယ်လိုဖြစ်သွားပြီလဲ"
" Bora မနေ့ကထွက်ပြေးသွားတာ ခုထိတော့မမမသေးဘူး ဝရမ်းဘဲ ထုတ်ထားရတယ် လိုက်တော့ရှာနေကြတာဘဲ"
"အဲလိုလားးးး "
"အင်း အော် ဒါနဲ့ ယောင်းးးး ငါ မင်းကို ပြောစရာရှိတယ်"
" ပြောလေ"
"မင်း မိသားစုကလေ"
"မိသားစု...?"
"အင်း မင်းမိသားစု အခုချိန်ထိ အသက်ရှိသေးတယ် သူတို့မသေသေးဘူး"
" ဘယ် ဘယ်လို...."
"ဟုတ်တယ် လွန်ခဲ့တဲ့ ၇နှစ်တုန်းက မီးလောင်မှုကို Boraလုပ်မယ်ဆိုတာကို ငါကြိုသိခဲ့တယ် ဒါကြောင့်ဘဲ မင်းမိသားစုကို ဘေးကင်းရာပြောင်းရွေ့ခဲ့တာ "
"ဒါဆို ဒါဆို သူတို့ အခု ဘယ်မှာလဲ"
"လောလောဆယ်တော့....ဂျယ်ဂျူမှာ "
"ဂျယ်ဂျူ....ငါ ငါ တွေ့ချင်တယ်"
"အင်းပါ ငါ အကုန်လုံးကို ခေါ်လာခိုင်းထားတယ် နောက် နှစ်ရက်လောက်ဆို သူတို့အကုန် ဆိုးလ်ကိုရောက်လိမ့်မယ်"
"ကျေး ကျေးဇူးပါ Eunလေးရာ....ငါလေ မင်းသာမရှိရင် ရှင်သန်နိုင့်ပါ့မလားကွာ"
"ရပါတယ် ယောင်းရယ် မင်းက ငါ့ သူ သူငယ်ချင်းဘဲလေ"
"အေးကွာ..."
ဝမ်းသာ ပိတိမျက်ရည်တွေနဲ့ Eunလေး ကို ယောင်း ဆွဲဖက်လိုက်သည်။
အော် ယောင်းရယ် သူငယ်ချင်းလေးမို့ဆိုတာထက် မင်းကိုချစ်လို့ဆိုတာကို ကိုယ် ဝန်ခံဖို့ မဝံ့ရဲဘူးကွာ...။
YOU ARE READING
𝐅𝐢𝐫𝐬𝐭 𝐋𝐨𝐯𝐞 (အချစ်ဦး)
Fanfiction" ဘဝမှာ အချစ်ဦးကို လူတိုင်းမေ့ပစ်ဖို့ခက်တယ် အချစ်ဦးကို အချစ်ဆုံးပေမဲ့ ပေါင်းဖက်ခွင့်မရကြဘူး အချစ်ဦးဆိုသည်မှာ သူတို့အတွက်တော့ နာကျင်စရာ အတိတ်တစ်ခုထက်မပိုဘူး ဒါပေမဲ့ ကျွန်တော်အလွန်ကံကောင်းသည် ကျွန်တော့ရဲ့ အချစ်ဦးဖြစ်တဲ့ ယောင်းငယ်လေးကို ထာ ဝ ရ ပို...