"Jk ရောက်နေပြီလား"
"ဟုတ်ကဲ့ ရောက်နေပါပြီ Mr Charle"
"အေးကွာ ထိုင်အုံး ငါ Van ကို ကြိုဖို့လူလွှတ်ထားတယ် ခဏနေသူရောက်လာလိမ့်မယ် နည်းနည်းတော့ စောင့်ရတယ်မလားကွ"
"ဟုတ်ကဲ့ ရပါတယ်ဗျ"
"လာ အအေးလေးသောက်ပါအုံး "
"ဟုတ် "
Jkလည်း ငြိမ်ငြိမ်လေးထိုင်ကာ အအေးခွက်ကို ဖြေးဖြေးချင်းဆီအရသာခံသောက်ရင်း
"Mr Charle မေးစရာလေးရှိလို့"
"အေး မေးလေ"
"ဟို ဒီဇိုင်နာ Vanကလေ ဘာလို့ သူ့ရဲ့ ပုံစံအမှန်ကိုမပြတာလဲ ကျွန်တော် ရှာကြည့်တာ လုံးဝကိုမတွေ့ဘူး"
"အော် အဲဒါလား ကိုယ်ရှင်းပြမယ် Van က အရင်ကတည်းက လူတွေနဲ့အရောတဝင်နေလေ့မရှိဘူး တော်ရုံတန်ရုံနဲ့လည်း မယုံကြည်တတ်ဘူး တချို့ကဆို သူ့ကို လူမှုရေးခေါင်းပါးတယ်လို့တောင်ဆိုကြတယ်ကွ သူနာမည်မကြီးခင်ကတည်းကအဲလိုဆိုတော့ နာမည်ကြီးပြီး အာဏာတွေရလာတော့ ဘယ်သူနဲ့မှ မတွေ့တော့သလို၊ သူ့ဘာသာ တစ်ယောက်တည်း Fashion တွေသာ တီထွင်လေ့ရှိတယ်ကွ ငါထင်တာကတော့ သူ့မှာ အတိတ်က အကြောင်းအရာတစ်ချို့တော့ရှိခဲ့မယ်ထင်တယ် "
"အဲလိုလား ဒီလောက်ဆိုရပါပြီ ကျွန်တော်နားလည်သွားပြီ"
"အေးပါကွာ...ဘယ်လိုဘဲ ဖြစ်ဖြစ်သူက မင်းရဲ့ ဒီဇိုင်နာဖြစ်လာမှာဘဲလေ နောက်တော့ မင်းလည်း သိလာမှာပေါ့"
"အင်းနော်..."
Jkတို့ စောင့်နေတာ နာရီအနည်းငယ် ကြာသွားပြီ
"မရောက်သေးဘူးလားမသိဘူး ဖုန်းဆက်ကြည့်ရမလားမသိ.."
"Mr Charle..."
"Van ရောက်လာပြီဘဲ.... "
Jkမှာ တခါးကနေ ဝင်လာတဲ့ Vanကိုမြင်တာနဲ့ ကိုယ့်အိန္ဒြေတောင်မဆယ်နိုင် ပြေးဖက်ကာ ငိုတော့တယ်
"ယောင်း ယောင်း ကိုယ့်ဆီပြန်လာတယ် ဝမ်းသားလိုက်တာ ယောင်းရယ် ကိုယ်သိနေတယ်လေ ယောင်းကဘယ်တော့မှကိုယ့်ကိုထားမသွားဘူးဆိုတာ...လွမ်းနေရတာ ယောင်းရယ်"
YOU ARE READING
𝐅𝐢𝐫𝐬𝐭 𝐋𝐨𝐯𝐞 (အချစ်ဦး)
Fanfiction" ဘဝမှာ အချစ်ဦးကို လူတိုင်းမေ့ပစ်ဖို့ခက်တယ် အချစ်ဦးကို အချစ်ဆုံးပေမဲ့ ပေါင်းဖက်ခွင့်မရကြဘူး အချစ်ဦးဆိုသည်မှာ သူတို့အတွက်တော့ နာကျင်စရာ အတိတ်တစ်ခုထက်မပိုဘူး ဒါပေမဲ့ ကျွန်တော်အလွန်ကံကောင်းသည် ကျွန်တော့ရဲ့ အချစ်ဦးဖြစ်တဲ့ ယောင်းငယ်လေးကို ထာ ဝ ရ ပို...