အိပ်ခန်းထဲ ဝင်လာတော့ ကလေးလေးသဖွယ် အိပ်စက်နေဆဲ့ Van
Van အိပ်နေတဲ့အနားကို တိုးသွားလိုက်ကာ သူ့ရဲ့အညိုရောင်ဆံပင်လေးတွေကို ပွတ်ရင်း မျက်လုံးမှ မျက်ရည်များပင် စီးကျလာကာ
"ယောင်းရယ် ကိုယ် ဘယ်လို လုပ်ရပါ့ ကိုယ်မင်းကိုလက်မလွတ်နိုင်ဘူး ကိုယ်မင်းအနားမှာဘဲနေချင်တယ် ယောင်းရယ် ဒါပေမဲ့ ဘယ်လိုလုပ်ရပါ့မလဲ မေမေ့စကားကို ကိုယ်မလွန်ဆန်နိုင်ဘူး မေမေ ကိုယ့်ကိုမုန်းသွားမှာ ကိုယ်မလိုလားဘူး ယောင်းရယ် ကိုယ်နှစ်ပေါင်းများစွာ မင်းကို စောင့်ခဲ့တယ် မင်းသာ ကိုယ့်ရဲ့ တစ်ဦးတည်းသော သူ ကိုယ်မင်းကလွဲလို့ ဘယ်သူ့ကိုမှ မချစ်နိုင်သလို မင်းရှိမှ ကိုယ့်ဘဝက ပြည့်စုံနေမှာ ဒါပေမဲ့ကွာ အခုလို အခြေအနေကြီးနဲ့ ကိုယ်ဘာကို ရွေးချယ်ရမှာလဲကွာ "
Jkရဲ့ မျက်ရည်များဟာ ပါးပေါ်မှ ဖြတ်သန်းကာ Van ရဲ့ ပါးပေါ်သို့ပင် စိုရွှဲနေလေရဲ့
.
.
.
.
.
.
.
.
.
.Vanနိုးလာတဲ့အခါ သူ့ရဲ့ လက်ကိုကိုင်ထားပြီး ကုတင်ဘေးက ခုံပေါ်မှာ အိပ်ပျော်နေတဲ့ Jk ကိုတွေ့ရတော့တယ်
Jk မင်း မင်း လည်း တကယ်ကြီးတဲ့ ဝဋ်ပါလားနော်
ကိုယ် မင်းကို နာကျင်စေဖို့မရည်ရွယ်ပါဘူး မင်းကိုယ့်ကို ဒီလောက်တောင်ချစ်တာလား ဒါဆို မင်းဘာလို့ ကိုယ့်ကို စွန့်ပစ်ခဲ့သေးလဲ မင်းဘာလို့ ကိုယ့်ကို မရွေးချယ်ခဲ့သေးလဲ ကုကီရယ်Jkခေါင်းကို ပွတ်ကာ အကြင်နာအကြည့်တွေနဲ့ ကြည့်နေလျက်
" ယောင်း .....ယောင်း ကိုယ့်ကိုထားမသွားပါနဲ့ ယောင်း"
အိပ်နေရာမှ မျက်ရည်တွေ ရွဲလို့ ငိုကာ ယောင်နေတဲ့ ထိုကောင်လေးကို ကြည့်ရင်း ကိုယ့်မျက်ရည်များပင်မထိန်းနိုင်တော့
ချစ်ရသူ နာကျင်နေတာကို ဘယ်သူက ကြည့်နိုင်မှာလဲ လက်စားချေဖို့ဆိုပေမဲ့ သူ့အပေည်ထားတဲ့ အချစ်တွေကတေည့ မပြောင်းသေးဘူးလေ
ငိုချင်စိတ်တွေကြောင့် အိပ်ရာပေါ်ထိုင်နေရမှာ ပြေးထကာ ဝရန်တာမှ ငိုလေရဲ့...
ငိုလို့ဝမှာ အခန်းထဲ ပြန်ဝင်လာတော့ Jkနိုးနေပြီလေ
"ယောင်း နိုးနေပြီလား"
YOU ARE READING
𝐅𝐢𝐫𝐬𝐭 𝐋𝐨𝐯𝐞 (အချစ်ဦး)
Fanfiction" ဘဝမှာ အချစ်ဦးကို လူတိုင်းမေ့ပစ်ဖို့ခက်တယ် အချစ်ဦးကို အချစ်ဆုံးပေမဲ့ ပေါင်းဖက်ခွင့်မရကြဘူး အချစ်ဦးဆိုသည်မှာ သူတို့အတွက်တော့ နာကျင်စရာ အတိတ်တစ်ခုထက်မပိုဘူး ဒါပေမဲ့ ကျွန်တော်အလွန်ကံကောင်းသည် ကျွန်တော့ရဲ့ အချစ်ဦးဖြစ်တဲ့ ယောင်းငယ်လေးကို ထာ ဝ ရ ပို...