Jkတို့ ကြော်ငြာရိုက်ရန် ဒယ်ဂူကိုသွားရလေပြီ
Vanလည်း Jkရဲ့ ဒီဇိုင်နာမို့ သူပါလိုက်သွားရသည်"ယောင်း ကြည့်ပါအုံး လှလိုက်တာ ဒယ်ဂူကိုသွားတဲ့လမ်းက အရင်ကလိုဘဲနော် "
ကားပြတင်းပေါက်ကနေ လက်ညိုးထိုးကာ Van အားပြောပြနေသော Jk
"အင်း"
အသံမှာ ဒေါသသံမပါ တစ်ခုခုကို လွမ်းဆွတ်နေသံပင်
ဒါကို Jkရိပ်မိလိုက်သည်
"ယောင်း ယောင်း မိသားစုကိုလွမ်းလို့လား"
"လွမ်းတာပေါ့ကွာ...."
အသံမှာ ပိုခက်ထန်လာကာ နာကျင်မှုရဲ့ အသံတွေပါထင်ပေါ်လာခဲ့သည်
ဒေါသမျက်ရည်လားညဝမ်းနညးမျက်ရည်လားတောင်မခွဲခြားတတ်တော့ ထိုမျက်ဝမ်းညိုလေးမှ စီးဆင်းလာတဲ့ မျက်ရည်စက်တွေ Jkရဲ့ နှလုံးသားတွင်း စီးဆင်းလျက်"မ မငိုပါနဲ့ကွာ ယောင်းကလည်း ကလေးလည်းမဟုတ်"
Van ပခုံးကို ပုတ်ကာ ချော့တော့ Van တစ်ယောက် Jkရင်ထဲ ပြေးဝင်ကာ ဖက်ငိုတော့သည်
ကျွန်တော် သူ့ကိုမမုန်းရက်နိုင်ဘူးဗျာ သူဘယ်လောက်ရက်စက်ရက်စက် ကျွန်တော်ကဘဲ ပြန်ပြန်ရောက်လာတယ်ဗျာ အမှန်တိုင်းပြောရရင် ကျွန်တော့အဖို့ သူ့ရင်ခွင်ဟာ အလုံခြုံဆုံးလို့ ခံစားရတာ အမြဲပါဘဲ အခုလည်း မရည်ရွယ်ပေမဲ့ ကျွန်တော် သူ့ရင်ထဲ တိုးဝင်မိပြန်ပြီဗျာ....
စိတ်ထဲကနေ တိတ်တခိုးရေရွတ်ကာ ငိုနေဆဲ
ခရီးလမ်းရှည်၍ Vanတစ်ယောက် Jkရဂ်ခွင်ထဲမှာ အိပ်ပျော်နေလေပြီ
ကြီးမားတဲ့ Jkရဲ့ရင်ခွင်ထဲဝယ် အဖြူရောင်စွယ်တာကို တစ်ကိုယ်လုံးဖုန်းနေအောင်ဝတ်ထားတဲ့ ရွှေရောင်ဆံပင်ပိုင်ရှင်လေးကြောင့် Jkအသဲတွေယားလာပြီ
သူ့ရဲ့ နှာတံလေး သူ့ရဲ့ နှုတ်ခမ်းလေး သူ့ရဲ့ မျက်လုံးလေးတွေ ဆံပင်လေးတွေကအစ ကျွနမတော်မြတ်နိုးသည် ကျွန်တော်သူ့ကိုအပိုင်ရချင်သည် ကျွန်သူ့ကိုချစ်သည် အရမ်းကိုချစ်သည် ဘဝမှာ သူဟာ ကျွန်တော့အဖို့ ပထမဆုံးနဲ့ နောက်ဆုံး အချစ်သာဖြစ်တယ် သူကျွန်တော့ကိုလက်မခံလည်း ကျွန်တော်သူ့ကိုချစ်နေအုံးမှာဘဲ အပိုင်လိုချင်ပေမဲ့ သူကတေည့ သိမ်းထားချင်စဖွယ် ကြွေရုပ်လေးလားမှတ်ရပါတယ်ဗျာ
YOU ARE READING
𝐅𝐢𝐫𝐬𝐭 𝐋𝐨𝐯𝐞 (အချစ်ဦး)
Fanfiction" ဘဝမှာ အချစ်ဦးကို လူတိုင်းမေ့ပစ်ဖို့ခက်တယ် အချစ်ဦးကို အချစ်ဆုံးပေမဲ့ ပေါင်းဖက်ခွင့်မရကြဘူး အချစ်ဦးဆိုသည်မှာ သူတို့အတွက်တော့ နာကျင်စရာ အတိတ်တစ်ခုထက်မပိုဘူး ဒါပေမဲ့ ကျွန်တော်အလွန်ကံကောင်းသည် ကျွန်တော့ရဲ့ အချစ်ဦးဖြစ်တဲ့ ယောင်းငယ်လေးကို ထာ ဝ ရ ပို...