Episode - 22

63 4 0
                                    

ယောင်းတစ်ယောက်Jungkook ကို တစ်ညလုံးမအိပ်ဘဲ စောင့်ရှောက်ပေးနေသည်။ မနက်မိုးလင်းလို့ Jungkook ကို ရေပတ်တိုက်ပေးသည်။
မနက်စာကျွေးပြန်တော့လည်း.....
Jungkook မှာ မလှုပ်နိုင်တာမို့ အစာကောင်းကောင်းမဝင်...ခွန့်လိုက်တိုင်း ပါးစပ်ထဲမှ ပြန်ပြန် စီးကျလာသည်။ ထိုအခါမှာ ယောင်းမျက်နှာပေါ် မျက်ရည်များရွှဲရပြန်ပြီ။

"ကုကီ ရယ် စားပါလို့ ကုကီစားမှ အားရှိမှာလေ နော် နော်လို့"

မလှုပ်နိုင် ၊ မရွေ့နိုင် ၊ အစာတောင်မဝင်တဲ့ ကုကီကြောင့် ယောင်းရင်တွေကွဲ မတတ်ခံစားရလေပြီ။

" ကုကီ စားပါအုံးနော် ယောင်းကိုချစ်ရင် စားပါလို့... "

ယောင်း ဘယ်လို ပြော ပြော ကုကီကတော့ တုန့်ပြန်မှုမရှိ.....

"ကုကီရယ် ကုကီကို ယောင်းဒီလို ပုံစံမျိုးနဲ့ မမြင်ရက်ဘူး မြန်မြန်နိုးလာပါတော့ ကုကီရယ် ယောင်း ကုကီကို အရမ်းလွမ်းတယ်လို့ ကုကီရဲ့ အသံလေးတွေ ၊ ကုကီရဲ့ နွေးထွေးမှုတွေကို ယောသ်းအခု လိုအပ်နေတယ်လေ ကုကီရယ်"

ယောင်းငယ်ရဲ့ မျက်ရည်တွေလည်း ခမ်းခြောက်လုအံ့၊ ငိုရလွန်းလို့ မျက်လုံးများလည်း အောင့်နေလျက်ပင်....။

မနက်ခင်း ဆရာဝန်နဲ့ သူနာပြုမလေးလာပြီး ကုကီရဲ့ အခြေအနေကို လာစစ်ကြသည်။
ဒါပေမဲ့လည်း အခြေအနေက အရင်တိုင်းဘဲ မထူးခြား။

ဒါနဲ့ ယောင်းလည်း ကုကီ ကုတင်ဘေးက ထိုင်ခုံမှာထိုင်စောင့်ကာ ကုကီကို အကြည့်တစ်ချက်မှမလွဲ ကြည့်နေတော့တယ်။

On Other Side

"ဟယ်လို မမလေး"

"အေးပြော ငါ့ခိုင်းတာ ပြီးပြီလား"

"ဟု ဟုတ် မမလေးပြောသလို လေ ကားနဲ့ တိုက်လိုက်ပေမဲ့ "

"ဘာဖြစ်ရပြန်တာလဲ "

"ဟို ထိ ထိခိုက်တဲ့ လူ လူမှားသွားလို့ပါ"

"ဘာ.... !!! "

"တိုက်ဖို့လုပ်တာက တစ်ယောက်ပေမဲ့ အစားဝင်ခံလိုက်တာက တစ်ယောက် ဖြစ်သွားတာပါ"

"ဘယ် လို ဘယ် ဘယ်သူ့ကို တိုက်မိတာလဲ"

"ဟို Jeon Jungkook ကို ပါ..."

𝐅𝐢𝐫𝐬𝐭 𝐋𝐨𝐯𝐞 (အချစ်ဦး)Where stories live. Discover now